Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး


25 Jan,2024

နေပြည်တော် ဇန်နဝါရီ ၂၅

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ နေ့လယ်ပိုင်းက အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ပြည်ထောင်စုနယ်မြေ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော သပြေစမ်းကျေးရွာ အဝင်လမ်းပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအားသွားရောက်ကြည့်ရှုစစ်ဆေးရာ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန တာဝန်ရှိသူများက လက်ရှိလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် လုပ်ငန်းအားလုံး ဆောင်ရွက်ပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ ၂၄၅ အိမ်၊ လူဦးရေ ၈၆၇ ဦးတို့၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများအတွက် အကျိုးပြုပေးနိုင်မှာဖြစ်ကြောင်း ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများအား သတ်မှတ်ဘဏ္ဍာနှစ်အတွင်း စံချိန်စံညွှန်းပြည့်မီစွာ အချိန်မီပြီးစီးရေးကြီးကြပ် ဆောင်ရွက်ကြရန် မှာကြားပြီးနောက် ကျေးရွာ အတွင်း တစ်ပိုင်တစ်နိုင် နွားမွေးမြူနှင့် ဆိတ်မွေးမြူရေးလုပ်ငန်းများကို ကြည့်ရှုအားပေးပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ်၊ သူဌေးကုန်းကျေးရွာသို့ သွားရောက်သို့ ရောက်ရှိပြီး ပျဉ်းမနားမြိုနယ်သမဝါယမအသင်းစုပိုင် စိုက်ပျိုးဧက ၁၅ ဧက ပေါ်တွင် ရုရှားသဘာဝမြေဩဇာအသုံးပြု၍ အစေ့ထုတ်ပြောင်း GT-200 မျိုး စမ်းသပ်စိုက်ပျိုးထားရှိမှု အခြေအနေများအားလည်းကောင်း၊ နွေစပါးနှင့် ဆောင်းသီးနှံများ စိုက်ပျိုးထားရှိမှု အခြေအနေများ အားလည်းကောင်း၊ ပြောင်းချဉ်ဖတ်ထုတ်လုပ်နေမှု အခြေအနေများအားလည်းကောင်း ကြည့်ရှု စစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း တင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက သမဝါယမအသင်းသား တောင်သူများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် သီးနှံများအထွက်တိုးစေရေးအတွက် လုပ်ဆောင်ရမည့် စိုက်ပျိုးရေးလုပ်ငန်းစဉ်များကို စနစ်တကျ ကြိုးစားဆောင်ရွက်ကြရန်လိုအပ်ပြီး လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်ကို စနစ်တကျမှတ်တမ်းတင်ထားရှိရန် လိုအပ်ကြောင်း၊ ပြောင်းချဉ်ဖတ် ထုတ်လုပ်ရာတွင် ကုန်ကြမ်းများစဉ်ဆက်မပြတ် ရရှိရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm