Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် စီမံခန့်ခွဲမှုပညာဌာန၊ဈေးကွက်ဖော်ဆောင်ရေး စီမံခန့်ခွဲမှုပညာ အထူးပြု ကျောင်းသား၊ကျောင်းသူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနား ကျင်းပ


26 Jan,2024

* ဘွဲ့နှင်းသဘင်ခန်းမ*

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၌ (၂၃.၁.၂၀၂၄) ရက်နေ့ နံနက်ပိုင်း (၉း၀၀)နာရီတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် စီမံခန့်ခွဲမှုပညာဌာန၊ ဈေးကွက်ဖော်ဆောင်ရေး စီမံခန့်ခွဲမှုပညာ အထူးပြု ကျောင်းသား၊ ကျောင်းသူများ၏ အာစရိယပူဇော်ပွဲနှင့် မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကို အစီအစဉ်(၃)ရပ်ဖြင့် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။  
 
ပထမပိုင်းအစီအစဉ်အရ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ စတော့ဟုမ်း ကမ္ဘာ့ ငြိမ်းချမ်းရေးဆုရှင်၊ IBEC ဆရာတော် ဒေါက်တာရှင်သောဘိတထံမှ ငါးပါးသီလ ဆောက်တည်ခဲ့ကြပြီးနောက် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီနှင့် တက္ကသိုလ်မှ ဆရာ၊ဆရာမ ဝန်ထမ်းများ စုပေါင်း လှူဒါန်းခဲ့သည့် ဆွမ်းပဒေသာပင်အတွက် အလှူငွေကျပ်သိန်း(၅၀) တိတိအား ဆရာတော်ထံသို့ ဆပ်ကပ်လှူဒါန်းပေးအပ်ခဲ့ပါသည်။ ထို့နောက် ဆရာတော်ထံမှ ရေစက်ချတရားနာယူခဲ့ပြီးနောက် ပထမပိုင်းအခမ်းအနား ပြီးမြောက်ခဲ့ပါသည်။
 
ဆက်လက်၍ ဒုတိယပိုင်း အခမ်းအနားကိုကျင်းပခဲ့ရာ အခမ်းအနားတွင် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)မှ ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ၊ သင်ကြားရေးဌာန (၁၁)ဌာနမှ ပါမောက္ခ(ဌာနမှူး)များ၊ တွဲဖက်ပါမောက္ခ(ဌာနမှူး)များ၊ သင်တန်းရေးရာဌာန၊ စီမံခန့်ခွဲရေးဌာနနှင့် သုတေသနနှင့်ဖွံ့ဖြိုးမှုဌာနတို့မှ ဌာနမှူးများ၊ သက်ဆိုင်ရာ သင်ကြားရေးဌာနများမှ ဆရာ၊ဆရာမများ၊ စီမံခန့်ခွဲမှုပညာဌာန၊ ဈေးကွက်ဖော်ဆောင်ရေး စီမံခန့်ခွဲမှုပညာအထူးပြု ကျောင်းသား၊ ကျောင်းသူများ စုံစုံညီညီ တက်ရောက်ခဲ့ကြပါသည်။
 
ထို့နောက် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)မှ ပါမောက္ခချုပ် ‌ဒေါက်တာမို့မို့ရီမှ သြဝါဒအမှာစကားပြောကြားရာတွင် စီမံခန့်ခွဲမှုပညာဌာန၊ ဈေးကွက်ဖော်ဆောင်ရေး စီမံခန့်ခွဲမှုပညာ အထူးပြု ဘာသာရပ်သည် တိုင်းပြည်စီးပွားဖွံ့ဖြိုးတိုးတက်ဖို့အတွက် အရေးပါသော ဘာသာရပ်ဖြစ်သည့်အတွက် အဓိကကျသည့် Manager, CEO များ မွေးထုတ်ပေးမည် ဖြစ်သည့် အတွက် မိမိရဲ့ ဘာသာရပ်ကို လေးစား၊ တန်ဖိုးထားတတ်စေရန် လေ့လာကြိုးစားသင်ယူကြရန်၊ ကုန်ထုတ်လုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ ကုန်သွယ်မှုလုပ်ငန်းများတွင် ရောင်းအားတိုးရန် Customer များ Needs and wants  ကို ဘယ်လိုဖြည့်ဆည်းပေးမလဲ၊ ကောင်းမွန်သော Marketing Plan  ဘယ်လိုချမလဲ၊ Marketing Mix Strategy များကို ဘယ်လိုချမလဲ ဆိုသည့်ပညာများကို သိရှိအောင် သင်ကြားပေးနေသည့် ပညာဖြစ်၍ သေချာစွာ လေ့လာမှတ်သားသွားကြပါရန်၊ မိမိထုတ်သည့် Product Brand ကို တည်ဆောက်နိုင်ရုံသာမက၊ မိမိကိုယ်ကိုလည်း Dignity ရှိရှိ Value ရှိအောင် တည်ဆောက်တတ်အောင်ကြိုးစားကြရန်၊ မိမိတို့ Career Life တွင် emotion မများပဲ self-management, self-control, self-motivation ရှိရှိဖြင့် ထူးချွန်ထက်မြောက်အောင် ကြိုးစားသွားကြရန် မှာကြားခဲ့ကြပြီးနောက် ဂါရဝတောစ၊ နိဝါတောစ ပူဇော်ထိုက်သူများကို ပူဇော်ခြင်းသည် မင်္ဂလာတပါးဖြစ်သည့်အတွက် မိဘဆရာသမားများကို ကြည်ညိုလေးစား တန်ဖိုးထားကြသော ဝန်းကျင်ကောင်းတွေနဲ့ သာယာလှပတယ့် တက္ကသိုလ်ကြီးမှ ဂုဏ်ယူဝင့်ကြွားရသည့် လိမ္မာယဉ်ကျေး ထူးချွန်ထက်မြတ်သော လူချွန်လူကောင်းများ ဖြစ်ပါစေဟု ဆုမွန်ကောင်း တောင်းခဲ့ပြီးနောက် စီမံခန့်ခွဲမှုပညာဌာန ပါမောက္ခ(ဌာနမှူး)မှ ကျောင်းသား၊ ကျောင်းသူများကို ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပါသည်။
  
ဆက်လက်၍ စတုတ္ထနှစ်ကျောင်းသူတစ်ဦးမှ မောင်မယ်သစ်လွင်များကို ကြိုဆို နှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး  မောင်မယ်သစ်လွင်များကိုယ်စား ကျောင်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီးနောက်၂၀၂၃ -၂၀၂၄ ပညာသင်နှစ်၊ စီမံခန့်ခွဲမှုပညာဌာန၊ ဈေးကွက်ဖော်ဆောင်ရေး စီမံခန့်ခွဲမှုပညာ အထူးပြု ဘာသာရပ် ထူးချွန် ကျောင်းသား၊ ကျောင်းသူများအား လည်းကောင်း၊ အားကစားပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား လည်းကောင်း၊ ကိုယ်စားပြုအားကစားအဖွဲ့များအတွက် လှူဒါန်းပေးသည့် MBA ကျောင်းသား ကိုယ်စားတစ်ဦးအား လည်းကောင်း၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း)မှ ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီနှင့် ဌာနမှူးများမှ  ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပေးအပ် ချီးမြှင့်ခဲ့ကြပြီးနောက် အာစရိယပူဇော်ပွဲအခမ်းအနား ပြီးဆုံးခဲ့ပါသည်။ 
 
တတိယပိုင်းအခမ်းအနားအစီအစဉ်များကို ဆက်လက်ကျင်းပခဲ့ရာ တက်ရောက်လာကြသည့် ဧည့်ပရိသတ်များကို အကအလှများ၊ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေပေးခဲ့ကြပြီးနောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် စီမံခန့်ခွဲမှုပညာဌာန၊ ဈေးကွက်ဖော်ဆောင်ရေး စီမံခန့်ခွဲမှုပညာ အထူးပြု ဘာသာရပ် (First Semester, Second Semester) မောင်သစ်လွင် (Fresher King)၊ မယ်သစ်လွင်(Fresher Queen) နှင့် (First Semester, Second Semester) People Choice Boy and Girl များကို တက်ရောက်လာကြသည့် ဧည့်ပရိသတ်များနှင့် မိတ်ဆက်ခြင်း၊ မဲပေးခြင်း၊ ဖျော်ဖြေရေးအဖွဲ့များက အဆိုအကအလှများဖြင့် ဖျော်ဖြေခဲ့ကြပါသည်။
 
၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် စီမံခန့်ခွဲမှုပညာဌာန၊ ဈေးကွက်ဖော်ဆောင်ရေး စီမံခန့်ခွဲမှုပညာ အထူးပြု ဘာသာရပ် မောင်သစ်လွင် (First Semester King) မယ်သစ်လွင်(First Semester Queen) နှင့် First Semester People Choice Boy and Girl, မောင်သစ်လွင် (Second Semester King) မယ်သစ်လွင်(Second Semester Queen) နှင့် Second Semester People Choice Boy and Girl များကို ရွေးချယ်ခဲ့ပြီး ရွေးချယ်ခံရသည့် မောင်သစ်လွင် (First Semester King), မောင်သစ်လွင်(Second Semester King) ရရှိသူတို့အား  စလွယ်နှင့်အမှတ်တရ လက်ဆောင်ကို လည်းကောင်း၊ မယ်သစ်လွင်(First Semester Queen), မယ်သစ်လွင် (Second Semester Queen)ရရှိသူတို့အား စလွယ် စတားသရဖူနှင့် အမှတ်တရ လက်ဆောင်ကို လည်းကောင်း၊ (First Semester, Second Semester)People Choice Boy ရရှိသူတို့အား  စလွယ်နှင့် အမှတ်တရလက်ဆောင်ကို လည်းကောင်း၊ (First Semester, Second Semester) People Choice Girl ရရှိသူတို့အား စလွယ်၊ စတားသရဖူနှင့် အမှတ်တရလက်ဆောင်တို့ကို ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ၊ ယခင်နှစ် King နှင့် Queen တို့မှ အသီးသီး ပေးအပ်ခဲ့ပြီး အမှတ်တရ မှတ်တမ်း ဓါတ်ပုံများ ရိုက်ယူခဲ့ကြပြီးနောက် အခမ်းအနား အောင်မြင်စွာ ပြီးစီးခဲ့ပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm