Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဘောဂဗေဒဌာန၊ဒေသဆိုင်ရာဖွံ့ဖြိုးမှုအထူးပြု ကျောင်းသား၊ကျောင်းသူများ၏အာစရိယပူဇော်ပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနား ကျင်းပ


24 Jan,2024

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၌ (၂၃.၁.၂၀၂၄) ၊ နံနက် (၉း၃၀)တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဘောဂဗေဒဌာန၊ ဒေသဆိုင်ရာ ဖွံ့ဖြိုးမှုအထူးပြု ကျောင်းသား၊ ကျောင်းသူများ၏ အာစရိယပူဇော်ပွဲနှင့် မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကို ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ 
 
အခမ်းအနားတွင် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)မှ ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ၊ သင်ကြားရေးဌာန (၁၁)ဌာနမှ ပါမောက္ခ(ဌာနမှူး)များ၊ တွဲဖက်ပါမောက္ခ(ဌာနမှူး)များ၊ သင်တန်းရေးရာဌာန၊ စီမံခန့်ခွဲရေးဌာနနှင့် သုတေသနနှင့်ဖွံ့ဖြိုးမှုဌာနတို့မှ ဌာနမှူးများ၊ သက်ဆိုင်ရာ သင်ကြားရေးဌာနများမှ ဆရာဆရာမများနှင့် ဒေသဆိုင်ရာဖွံ့ဖြိုးမှုအထူးပြု ကျောင်းသား၊ ကျောင်းသူများ စုံစုံညီညီ တက်ရောက်ခဲ့ကြပါသည်။ 
 
အခမ်းအနားအစီအစဉ်အရ ဒေသဆိုင်ရာဖွံ့ဖြိုးမှုအထူးပြု ကျောင်းသား၊ ကျောင်းသူများမှ မြတ်ဆရာသီချင်း သီဆို၍ဖျော်ဖြေခဲ့ပြီးနောက် ဆရာ၊ဆရာမများအား ဂါရဝရှေ့ထား ပူဇော်ကန်တော့ခဲ့ကြပါသည်။
 
ထို့နောက် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)မှ ပါမောက္ခချုပ် ‌ဒေါက်တာမို့မို့ရီမှ သြဝါဒအမှာစကားပြောကြားရာတွင် ဘောဂဗေဒဌာန၊ ဒေသဆိုင်ရာ ဖွံ့ဖြိုးမှုအထူးပြု ဘာသာရပ်သည် ဒေသတစ်ခု လူ့ဘောင်အဖွဲ့အစည်းတစ်ခု တိုးတက်ရန် ဒေသဆိုင်ရာစီမံကိန်းများ ချမှတ်နိုင်ရန် အသိပညာများကို သင်ကြားပေးသည့် ဘာသာရပ် တစ်ခုဖြစ်သည့်အပြင် နိုင်ငံ့စီးပွားနှင့် တိုင်းပြည်စီးပွား ဖွံ့ဖြိုးတိုးတက်ရန် မြို့ပြကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးသည် အထောက်အကူပြုပြီး အရေးပါသည့်အတွက် အထောက်အပံ့ပေးမည့် ဘာသာရပ်များ သင်ကြားပေးနေ၍ ကြိုးစားလေ့လာသင်ယူသင့်ကြောင်း မှာကြားခဲ့ပြီး  ဗလငါးတန်နှင့်ပြည့်စုံ၍ ထူးချွန်ထက်မြတ်ပြီး မိမိနိုင်ငံမှအားကိုး အားထားရသည့် Regional Developer လူတော်လူကောင်းများ ဖြစ်လာနိုင်ကြပါစေဟု ဆုမွန်ကောင်း တောင်းခဲ့ပြီးနောက် ဘောဂဗေဒဌာန ပါမောက္ခ(ဌာနမှူး)မှ ကျောင်းသား၊ ကျောင်းသူများကို ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပါ သည်။
  
ဆက်လက်၍ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး ၂၀၂၃ -၂၀၂၄ ပညာသင်နှစ်၊ ဘောဂဗေဒဌာန၊ ဒေသဆိုင်ရာ ဖွံ့ဖြိုးမှုအထူးပြု ဘာသာရပ် ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား လည်းကောင်း၊ အားကစားပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)မှ ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ နှင့် ဌာနမှူးများမှ  ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီးနောက် အာစရိယပူဇော်ပွဲအခမ်းအနားပထမပိုင်း ပြီးဆုံးခဲ့ပါသည်။ 
 
ဒုတိယပိုင်းအခမ်းအနားအစီအစဉ်များကို ဆက်လက်ကျင်းပခဲ့ရာ စတုတ္ထနှစ် ကျောင်းသူတစ်ဦးမှ မောင်မယ်သစ်လွင်များကို ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး  မောင်မယ်သစ်လွင်များကိုယ်စား ကျောင်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြော ကြားခဲ့ပြီးနောက် တက်ရောက်လာကြသည့် ဧည့်ပရိသတ်များကို အကအလှများ၊ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေပေးခဲ့ကြပြီးနောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ဘောဂဗေဒဌာန၊ ဒေသဆိုင်ရာ ဖွံ့ဖြိုးမှုအထူးပြု ဘာသာရပ် (First Semester, Second Semester) မောင်သစ်လွင် (Fresher King) ၊မယ်သစ်လွင်(Fresher Queen) နှင့် (First Semester, Second Semester) People Choice Boy and Girl များကို တက်ရောက်လာ ကြသည့် ဧည့်ပရိသတ်များ နှင့် မိတ်ဆက်ခြင်း၊ မဲပေးခြင်းနှင့် ဖျော်ဖြေရေးအဖွဲ့များက အဆို ၊အက၊အလှများဖြင့် ဖျော်ဖြေခဲ့ကြပါသည်။
 
၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ဘောဂဗေဒဌာန၊ ဒေသဆိုင်ရာ ဖွံ့ဖြိုးမှုအထူးပြု ဘာသာရပ် မောင်သစ်လွင် (First Semester King) ၊မယ်သစ်လွင်(First Semester Queen) ၊First Semester People Choice Boy and Girl၊မောင်သစ်လွင် (Second Semester King) ၊မယ်သစ်လွင်(Second Semester Queen) နှင့် Second Semester People Choice Boy and Girl များကို ရွေးချယ်ခဲ့ပြီး ရွေးချယ်ခံရသည့် မောင်သစ်လွင် (First Semester King)နှင့်  မောင်သစ်လွင်(Second Semester King) ရရှိသူတို့အား  စလွယ်နှင့် အမှတ်တရ လက်ဆောင်ကို လည်းကောင်း၊ မယ်သစ်လွင်(First Semester Queen), မယ်သစ်လွင် (Second Semester Queen)ရရှိသူတို့အား စလွယ် စတားသရဖူ နှင့် အမှတ်တရ လက်ဆောင်ကို လည်းကောင်း၊ (First Semester, Second Semester)People Choice Boy ရရှိသူတို့အား  စလွယ်နှင့် အမှတ်တရ လက်ဆောင်ကို လည်းကောင်း၊ (First Semester, Second Semester) People Choice Girl ရရှိသူတို့အား စလွယ်၊ စတားသရဖူနှင့် အမှတ်တရလက်ဆောင်တို့ကို ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ၊ ပါမောက္ခ(ဌာနမှူး)၊ တွဲဖက် ပါမောက္ခများနှင့် ကျောင်းသား EC များမှ အသီးသီး ပေးအပ်ခဲ့ပြီး အမှတ်တရ မှတ်တမ်း ဓါတ်ပုံများ ရိုက်ယူခဲ့ကြပါသည်။ 

ထို့နောက် မြန္ဒာသီချင်းကို အဖွဲ့လိုက် သီဆိုကပြခဲ့ကြပြီး နောက် ဒုတိယပိုင်း အခမ်းအနား အောင်မြင်စွာ ပြီးစီးခဲ့ပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm