Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာအထူးပြု ကျောင်းသား၊ကျောင်းသူများ၏ အာစရိယပူဇော်ပွဲနှင့်မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကျင်းပ


19 Jan,2024

 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၌ (၁၉.၁.၂၀၂၄) ၊ နံနက် (၉း၀၀)နာရီတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာအထူးပြု ကျောင်းသား၊ ကျောင်းသူများ၏ အာစရိယပူဇော်ပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ 
 
အခမ်းအနားတွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)မှ ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ၊ သင်ကြားရေးဌာန (၁၁)ဌာနမှ ပါမောက္ခ(ဌာနမှူး)များ၊ တွဲဖက်ပါမောက္ခ(ဌာနမှူး)များ၊ သင်တန်းရေးရာဌာန၊ စီမံခန့်ခွဲရေးဌာနနှင့် သုတေသနနှင့်ဖွံ့ဖြိုးမှုဌာနတို့မှ ဌာနမှူးများ၊ သက်ဆိုင်ရာ သင်ကြားရေးဌာနများမှ ဆရာဆရာမများ၊ လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာအထူးပြု ကျောင်းသား၊ ကျောင်းသူများ နှင့် HRD Program MPA ကျောင်းသား/ကျောင်းသူများ  တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားအစီအစဉ်အရ လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာအထူးပြု ကျောင်းသား၊ ကျောင်းသူများမှ မြတ်ဆရာသီချင်း သီဆို၍လည်းကောင်း၊ ဆရာ၊ ဆရာမများအား လက်အုပ်ချီမိုး၍လည်းကောင်း ဂါရဝပြု ပူဇော်ကန်တော့ခဲ့ကြပါသည်။

ဆက်လက်၍ ပါမောက္ခချုပ်ဒေါက်တာမို့မို့ရီမှ နှုတ်ခွန်းဆက်ဩဝါဒ အမှာစကားပြောကြားခဲ့ပါသည်။ ပါမောက္ခချုပ် ဆရာမကြီးမှ လူမှုစီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုပညာ အထူးပြုဘာသာရပ်သည် လူမှုအကျိုးပြု၊ မိမိတို့၏ အဖွဲ့အစည်း သာယာဝပြောဖို့အတွက် အ‌ထောက်အပံ့ ပေးနိုင်သည့် ဘာသာရပ်ဖြစ်သည့်အပြင် စီးပွားရေးလုပ်ငန်းများပြုလုပ်ခြင်းဖြင့် ရရှိလာသော အကျိုးအမြတ်များကို လူမှုအကျိုးပြုလုပ်ငန်းများ(Social work)၊ ပရဟိတလုပ်ငန်းများတွင် ပြန်လည် အသုံးပြုနိုင်သည့် စွန်ဦးတီထွင် လုပ်ငန်းရှင်များ ဖြစ်လာအောင် မွေးထုတ်ပေးမည့် ဘာသာရပ် ဖြစ်သည့်အတွက် တက်ရောက်နေကြသော ကျောင်းသား၊ ကျောင်းသူများကို မှာကြားလိုသည်မှာ မိမိတို့၏ Career Life တွင် ကြိုးစား လေ့လာသင်ယူထားသည့် ဘာသာရပ်ကို လက်တွေ့ နယ်ပယ်တွင် အသုံးချသွားရန် မှာကြားလိုကြောင်း၊ 21st Century Skill ဖြစ်သည့် Critical thinking Skills , Cooperation Skills, Communication Skills, Creativity Skills, Coordination Skills, Problem Solving Skills များ ကောင်းမွန်အောင် ကြိုးစားသွားကြရန်တို့အပြင် ဗလငါးတန် ပြည့်စုံစွာဖြင့် အကျိုးရှိရှိ အသုံးချ၍ မိမိမေဂျာ၊ မိမိတက္ကသိုလ်၊ မိမိပတ်ဝန်းကျင်နှင့် မိမိနိုင်ငံ အတွက် အားကိုးအားထားရသည့်သူများဖြစ်အောင် ကြိုးစားသွားကြရန်၊ မိမိတက္ကသိုလ်ကြီးမှာ ဂုဏ်ယူဝင့်ကြွားစွာ တက်ရောက်သင်ယူရင်း မိဘ၊ဆရာများကို လေးစားကြည်ညိုပြီး အားထား အားကျရသည့် ထူးချွန်ထက်မြက်သော လူချွန်လူကောင်းများဖြစ်ကြပါစေဟု ဆုမွန်ကောင်းတောင်း၍ ပြောကြားခဲ့ပါသည်။

ထို့နောက် ဒေါက်တာကြည်ကြည်ဝင်း(ပါမောက္ခ၊ ဌာနမှူး၊ သမဝါယမပညာဌာန)မှ နှုတ်ခွန်းဆက် ဆုပေးစကားနှင့် အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်မှုများ အားလုံးအတွက် ကျေးဇူးတင်စကားတို့ကို ပြောကြားခဲ့ပါသည်။

ဆက်လက်၍ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာအထူးပြု ဘာသာရပ်တွင် အမှတ်အများဆုံးဖြင့် ရောက်ရှိခဲ့သည့် ဒုတိယနှစ်နှင့် စတုတ္ထနှစ် ကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း၊ စစ်ကိုင်း ခရိုင်ပြည်သူ့ ဆက်ဆံရေးစီးဦးဌာနနှင့် ပူးပေါင်းဆောင်ရွက်သည့် လူငယ်စကားဝိုင်းတွင် ပါဝင် ဆွေးနွေးပေးခဲ့သည့် ကျောင်းသူတစ်ဦးနှင့် တက္ကသိုလ် အနုပညာအသင်းမှ ကြီးမှူးဖွင့်လှစ်သည့် အခြေခံပန်း အလှပြင်သင်တန်း အထူးဆုရရှိခဲ့သော   ကျောင်းသူတစ်ဉီးတို့အား  ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီနှင့် ဒေါက်တာကြည်ကြည်ဝင်း(ပါမောက္ခ၊ဌာနမှူး)တို့မှ  ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီးနောက် အတန်းအလိုက်မှတ်တမ်း ဓါတ်ပုံများရိုက်ကူးပြီး အာစရိယပူဇော်ပွဲ အခမ်းအနား ပထမပိုင်း ပြီးမြောက်ခဲ့ပါသည်။ 
 
ဒုတိယပိုင်းအခမ်းအနားအစီအစဉ်များကို ဆက်လက်ကျင်းပခဲ့ရာ ဌာနဆရာမများမှ ချမ်းမြေ့ပါစေ သီချင်း သီဆိုဖွင့်လှစ်ခဲ့ကြပါသည်။ ထို့နောက် ကျောင်းသူတစ်ဦးမှ မောင်မယ်သစ်လွင်များကို ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး  မောင်မယ်သစ်လွင်များကိုယ်စား ကျောင်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီးနောက် တက်ရောက်လာကြသည့် ဧည့်ပရိသတ်များကို အကအလှများ၊ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေပေးခဲ့ကြပါသည်။ 

ယင်းနောက်၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာအထူးပြု  ဒုတိယနှစ် (First Semester, Second Semester) မောင်သစ်လွင်၊ မယ်သစ်လွင်များကို တက်ရောက်လာကြသည့် ဧည့်ပရိသတ်များနှင့် မိတ်ဆက်ခြင်းနှင့် King and Queen မဲပေးရွေးချယ်ခြင်း တို့ကို အစီအစဉ်များအတိုင်း ကျင်းပခဲ့ကြပါသည်။
 
၎င်းနောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာအထူးပြု  ဒုတိယနှစ်တို့မှ  မောင်သစ်လွင် (First Semester King)၊ မယ်သစ်လွင်(First Semester Queen) နှင့် မောင်သစ်လွင် (Second Semester King)၊ မယ်သစ်လွင်(Second Semester Queen) များကို ရွေးချယ်ခဲ့ပြီး ရွေးချယ်ခံရသည့် မောင်သစ်လွင် (First Semester King) နှင့် မောင်သစ်လွင်(Second Semester King)ရရှိသူတို့အား  စလွယ်နှင့် အမှတ်တရလက်ဆောင်ကို လည်းကောင်း၊ မယ်သစ်လွင်(First Semester Queen)နှင့် မယ်သစ်လွင် (Second Semester Queen)ရရှိသူတို့အား စလွယ်၊ စတားသရဖူနှင့်  အမှတ်တရလက်ဆောင်တို့ကို ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီနှင့် ပါမောက္ခ(ဌာနမှူး)များမှ ချီးမြှင့်ပေးအပ်ခဲ့ပြီးနောက် အမှတ်တရ မှတ်တမ်းဓါတ်ပုံများ ရိုက်ယူခဲ့ကြပြီး ဒုတိယပိုင်း အခမ်းအနား အောင်မြင်စွာ ပြီးစီးခဲ့ပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm