Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ Impromptu Talk Competition အခမ်းအနားကျင်းပ


18 Jan,2024

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် (၁၇.၁.၂၀၂၄)ရက်နေ့ နံနက် (၉း၃၀)နာရီအချိန်တွင် ဘွဲ့နှင်းသဘင်ခန်းမ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ Impromptu Talk Competition အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ သင်ကြားရေးဌာနများမှ ဌာနမှူး(ပါမောက္ခ)များ၊ တွဲဖက်ပါမောက္ခ(ဌာနမှူး)များ၊ စီမံရေးရာဌာန၊ သင်တန်းရေးရာဌာနနှင့် သုတေသနနှင့်ဖွံ့ဖြိုး မှုဌာန တို့မှ ဌာနမှူးများ၊ သင်ကြားရေးဌာနများမှ ဆရာ၊ဆရာမများ နှင့် ကျောင်းသား၊ ကျောင်းသူများ စုံစုံညီညီ တက်ရောက်ခဲ့ကြပါသည်။ ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီမှ မိန့်ခွန်း ပြောကြားရာတွင် “ Especially in business field, English language plays an important role , essential in communicating effectively with people from different parts of the world and important for students as it broadens their mind, develops emotion skills, improve the quality of life by providing job opportunities. This competition aims to come out competent and outstanding students from our university who are endowed with knowledge, creativity, language fluency, presentation skills and diplomatic and persuasive public speaking skills. I would like to say that try the best in the competition.” ထို့နောက် အင်္ဂလိပ်စာဌာနမှ ဌာနမှူးမှ အမှာစကား ပြောကြားပြီးနောက် အမှတ်ပေးဒိုင်များနှင့် မိတ်ဆက်ခဲ့ပြီးနောက် ပြိုင်ပွဲဝင် ကျောင်းသား၊ကျောင်းသူ (၈)ဦးမှ ယှဉ်ပြိုင်ခဲ့ကြပါသည်။ ဆက်လက်၍ ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ၊ ဒုတိယပါမောက္ခချုပ်(စီမံ)နှင့် ဌာနမှူးများက ဆုရရှိသည့် ကျောင်းသား ကျောင်းသူများအား ဆုများကို အသီးသီးချီးမြှင့်ခဲ့ကြပြီးနောက် မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ပြီး အခမ်းအနား အောင်မြင်စွာ ပြီးစီးခဲ့ပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm