Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) Intellectual Talk on Entrepreneurship ဆိုင်ရာ ဟောပြောပွဲအခမ်းအနားကျင်းပ


12 Jan,2024

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊ သမဝါယမပညာဌာနမှ တာဝန်ယူကျင်းပသည့် Entrepreneurship ဆိုင်ရာ အသိပညာဟောပြောပွဲအခမ်းအနားကို (၁၂-၁-၂၀၂၄) နေ့ နံနက် (၉း၀၀) နာရီတွင် တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ပါသည်။ အဆိုပါဟောပြောပွဲ အခမ်းအနားသို့ မန္တလေး တိုင်းကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ ဒုတိယဉက္ကဌ ဉီးကျော်မိုးနိုင်၊ ဒုတိယဉက္ကဌ ဉီးမောင်မောင်ဉီး၊ အထွေထွေ အတွင်းရေးမှူး ဉီးညီညီချစ် တို့က ဟောပြောခဲ့ကြပါသည်။ 
အခမ်းအနားသို့ ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာမို့မို့ရီ၊ ဘာသာရပ်ဌာနမှူးများမှ ပါမောက္ခ၊ ဌာနမှူးများ ၊ တွဲဖက်ပါမောက္ခဌာနမှူးများ၊ ကထိကဌာနမှူးများ ၊ သင်ကြားရေးဆရာ၊ဆရာမများနှင့် SEM major အထူးပြု ကျောင်းသား/သူများ တက်ရောက်ကြပါသည်။
ပါမောက္ခချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် တက်ရောက်လာကြသော ဉီး‌ကျော်မိုးနိုင် (ဒုတိယဉက္ကဌ၊ မန္တလေးတိုင်းကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း) ၊ ဦးမောင်မောင်ဉီး(ဒုတိယဉက္ကဌ၊ မန္တလေးတိုင်းကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း)၊ ဉီးညီညီချစ် (အထွေထွေအတွင်းရေးမှူး၊ မန္တလေးတိုင်းကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း) တက္ကသိုလ်ဘက်မှ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် တက်ရောက်လာကြသူများကို နှုတ်ခွန်းဆက်သပါကြောင်း ယခုလိုလာရောက် ဟောပြောပေးမှုကို ကျေးဇူးတင်ရှိပါကြောင်း၊ အနာဂတ်ကာလတွင် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် HRများမှာ အမှန်တကယ်အရေးကြီးပါကြောင်း၊ Micro, Small, Medium Entrepreneurship သည် တိုင်းပြည်စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသောလုပ်ငန်းများ ဖြစ်ပါကြောင်း၊ ၎င်းကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရန် အရည်အသွေးရှိ လူငယ်ပညာတတ်များ မွေးထုတ်ပေးရမှာ အလွန်အရေးကြီးကြောင်း၊ ယနေ့ဟောပြောပေးမည့် ခေါင်းစဉ်များမှ အလွန်ကောင်းမွန်ပါကြောင်း၊ လူငယ်နှင့် အနာဂတ် ခေါင်းစဉ်အတွက် လူငယ်များအနေနှင့် ကြိုးစားကြရန်၊ ရည်မှန်းချက် တိကျရန်၊ ရည်ရွယ်ချက်အတိုင်း ဆောင်ရွက်နိုင်ရန်၊ မိမိကိုယ်ကို ယုံကြည်မှုရှိရန်၊ မိမိ ပန်းတိုင်ကို အထောက်အကူပြုမည့် စာပေများ ဖတ်ရှုရန်၊ ဇွဲ၊လုံ့လ၊ဝီရိယ ရှိကြရန်၊ “လေ့လာခြင်း၊ လေ့ကျင့်ခြင်း ၊လက်တွေ့လုပ်ဆာင်ခြင်း” လုပ်ငန်း စဉ်ကို စနစ်တကျဆောင်ရွက်ကြရန်၊ စေတနာထားတတ်ရန်၊ စိတ်သဘောထားကောင်းမွန်မှုကို ကျင့်သုံးရန်တို့သည် အရေးကြီးပါကြောင်း လူငယ်နှင့်ဉပဒေရေးရာ ခေါင်းစဉ်အတွက် လူငယ်တိုင်း လုပ်ငန်းရှင်တိုင်း ဉပဒေပညာရပ်များကို သိရှိထားရန်သည် အရေးကြီးကြောင်း၊ လုပ်ငန်းရှင် ခေါင်းစဉ်အတွက် Leading နှင့် Manage များကိုing Rol သေချာစွာခွဲခြား နားလည်ရန်၊ Leader၏ အရည်အချင်းများ ပြည့်ဝရန်၊ Manager ၏ အခန်းကဏ္ဍများကို သေချာစွာ သိရှိရန်တို့သည် အရေးကြီးကြောင်း၊ ကျောင်းသား/သူများ အနေနှင့် သေချာစွာလိုက်နာမှတ်သားကြရန် လိုအပ်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် risk taking, Innovation နှင့် leading skill များရရှိရန် လိုပါကြောင်း ပြောကြားပါသည်။ နိဂုံးချုပ်အားဖြင့် လာရောက်ပေးသည့်ဆရာများကို ကျေးဇူးတင်ရှိပါကြောင်း၊ တာဝန်ယူကျင်းပပေးသော သမဝါယမပညာဌာနမှ ဌာနမှူးနှင့်ဆရာမများအား ကျေးဇူးတင်ရှိပါကြောင်း၊ဟောပြောပွဲမှ ရရှိလာသော အသိပညာများကို ကျောင်းသား/သူများမှ လက်တွေ့ ပြန်လည် အသုံးချကြပါဟု မှာကြားလိုကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဉီးမောင်မောင်ဉီး(ဒုဉက္ကဌ)က “လူငယ်နှင့်အနာဂတ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဉီးညီညီချစ်(အထွေထွေအတွင်းရေးမှူး)က “လူငယ်နှင့်ဉပဒေရေးရာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဉီးကျော်စိုးနိုင်(ဒုဉက္ကဌ)က “လုပ်ငန်းရှင်”ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဟောပြောခဲ့ကြသည်။
ထို့နောက်ကျောင်းသား/သူများက သိလိုသည်များကို မေးမြန်းခဲ့ကြပါသည်။
ဆက်လက်၍ ပါမောက္ခချုပ်ဆရာမကြီးမှ တက္ကသိုလ်၏ product များနှင့် လုပ်ငန်းရှင်များအသင်းကြား လိုအပ်သလို ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များကို ဆက်လက်ဆွေးနွေးခဲ့ပြီး ဒေါက်တာကြည်ကြည်ဝင်း(ပါမောက္ခ၊ဌာနမှူး)မှ QA ကိစ္စရပ်များ ၊ လုပ်ငန်းရှင်များထဲမှ မိမိတို့တက္ကသိုလ်မှ ပေးအပ် သော ဘွဲ့ဒီဂရီများမှာ လုပ်ငန်းရှင်များအတွက် အကျိုး ရှိ/မရှိကို မေးခွန်းလွှာများ မေးမြန်းမည်ဖြစ်၍ ကူညီဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံပါကြောင်း ဆွေးနွေးခဲ့ပါသည်။
ထို့နောက် အမှတ်တရ ဂုဏ်ပြုလက်ဆောင်များပေးအပ်၍ မှတ်တမ်းဓာတ်ပုံများရိုက်ကူးကာ နေ့လည် (၁၂း၀၀) နာရီတွင် အခမ်းအနားကို အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm