Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမ စာရင်းရေး၊ စာရင်းကိုင်သက်မွေးသင်တန်းကျောင်းများဖြစ်သော (တောင်ကြီး၊ မကွေး၊မန္တလေး)မှ ကျောင်းသား/ကျောင်းသူမောင်မယ်များ လေ့လာရေးခရီးစဉ်


10 Jan,2024

၁၀-၁-၂၀၂၄(ဗုဒ္ဓဟူးနေ့)

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့်လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ သမဝါယမပညာရေးကဏ္ဍမြှင့်တင်ရေးတွင် တစ်ဖက်တစ်လမ်းမှအထောက်အကူပြုနိုင်ရန်နှင့် မျိုးဆက်သစ်ထူးချွန်လူငယ်များ ဖြစ်လာမည့် သမဝါယမစာရင်းရေး၊စာရင်းကိုင်သက်မွေးသင်တန်းကျောင်းများဖြစ်သော (တောင်ကြီး၊ မကွေး၊မန္တလေး)မှ ကျောင်းသား/ကျောင်းသူမောင်မယ်များကို စီးပွားရေး၊လူမှုရေး၊အားကစား၊စာပေ၊ ယဉ်ကျေးမှုနှင့်အသိပညာများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏လမ်းညွှန်မှုဖြင့် (၁၀-၁-၂၀၂၄)ရက်နေ့၊ နံနက်(၁၁း၀၀)နာရီအချိန်တွင် သမဝါယမနှင့်စီမံ ခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)သို့ လေ့လာရေးခရီး လာရောက်စေခဲ့ပါသည်။

ထိုလေ့လာရေးခရီးတွင် လာရောက်ခဲ့သော ကျောင်းသား/ကျောင်းသူ (၁၁၁)ဉီးနှင့် ကြီးကြပ်လိုက်ပါခဲ့ကြသော ဆရာ/ဆရာမ(၁၃)ဉီး စုစုပေါင်း(၁၂၄)ဉီးတို့အား သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) မှ ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီနှင့်တကွ ဒုတိယပါမောက္ခချုပ်(စီမံ)၊ သင်ကြားရေး(၁၁)ဌာနမှ ဌာနမှူးများ၊ သင်တန်းရေးရာဌာန၊ သုတေသနနှင့်ဖွံ့ဖြိုးမှုဌာန၊ စီမံရေးရာဌာနမှ ဌာနမှူးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့ကြပါသည်။

ထို့နောက် အခမ်းအနားအစီအစဉ်အရ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)မှ ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီက လေ့လာရေးခရီးတွင် လာရောက်ခဲ့ကြသော ကျောင်းသား/သူများနှင့် ဆရာ/ ဆရာမများကို နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ လက်ရှိပေးအပ်နေသော ဘွဲ့များ၊ မဟာဘွဲ့များ၊ ရှေ့ဆက်ဆောင်ရွက်မည့်  ပါရဂူဘွဲ့များ၊ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာမဟာဘွဲ့များနှင့် ပေါင်းကူး တက်ရောက်နိုင်ရေး အခွင့်အလမ်းများကြောင့် ကြိုးစားကြရန် တိုက်တွန်းပါကြောင်း ယခုလက်ရှိ သင်တန်းကျောင်းများ၏ သင်ရိုးညွှန်းတမ်းများကို လက်တွေ့လုပ်ငန်းခွင်နှင့်ကိုက်ညီနိုင်ရေး ရည်ရွယ်ပြီး ဆရာမကြီးဉီးဆောင်ပါဝင်လျက် သက်ဆိုင်ရာ ဘာသာရပ်တာဝန်ခံများ ရေးဆွဲပေးထားသည် ဖြစ်ပါကြောင်း၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း)မှ အထူးပြုဘာသာရပ်(၅)ခုအတွက် ဘွဲ့များ ပေးအပ်လျက်ရှိကြောင်း၊ မဟာဘွဲ့များ ပေးအပ်လျက်ရှိကြောင်း၊ HRD Programme များမှ ဝါဏိဇ္ဇဗေဒဌာနမှ Diploma in HRM, သမဝါယမပညာဌာနမှ MPA၊စီမံခန့်ခွဲမှုပညာဌာနမှ MBA၊ စာရင်းအင်းပညာဌာနမှ MAS ဘွဲ့လွန်သင်တန်းများ သင်ကြားလျက် ရှိပါကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းရရှိမှုအနေဖြင့်  အစိုးရဌာနများတွင် ၅၈၀ ဉီး၊ ပုဂ္ဂလိကတွင် (၁၀၄၅)ဉီး ပေါင်း(၂၀၈၃)ဉီး နှင့် ဘွဲ့ရလူဉီးရေ၏ ၉၄% မှာ Microfinance NGO, INGO များတွင် လုပ်ကိုင်လျက်ရှိပါကြောင်း ၊ သားတို့သမီးတို့အနေဖြင့် ဆရာမကြီးတို့ တက္ကသိုလ်တက်ရောက် ရရှိမည် ဆိုပါက မိမိတို့ Carrer ရွေးချယ်မျှော်လင့်ချက်များရှိလာနိုင်မည်ဖြစ်ကြောင်း၊ တက္ကသိုလ်တွင် extra curriculum များကို လေ့လာနိုင်မည်ဖြစ်ကြောင်း၊ e-library စနစ်ကို သုံးစွဲနိုင်မည်ဖြစ်ကြောင်း၊ တက္ကသိုလ်အတွင်း Activities များကို ပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ သမဝါယမနှင့်စီမံခန့်ခွဲမှု ပညာတက္ကသိုလ်(စစ်ကိုင်း) တက်ရောက်နိုင်ရန် စာရင်းကိုင်ပညာဘာသာရပ်များဖြစ်သည့် Cost Accounting၊ Finical Accounting၊ Co-operative and Auditing Accounting ဘာသာရပ်များနှင့် သင်္ချာ ဘာသာရပ်များတွင် အမှတ်များကောင်းအောင်ကြိုးစားရမည်ဖြစ်ပြီး ၎င်းဘာသာရပ်များတွင် အနည်းဆုံး သုံးဘာသာ ဂုဏ်ထူးရရှိရန် လိုအပ်ကြောင်း ၊ Passion, Action, Believe စသည့် Key Success Factors များကို ကျင့်သုံးရမည်ဖြစ်ကြောင်း အောင်မြင်ရန်အတွက် သော့ချက်ကျသည့် အချက်များကို သိရှိရမည် ဖြစ်ကြောင်း၊ လေ့လာရမည်၊ လေ့ကျင့်ရမည်၊ လက်တွေ့လုပ်ဆောင်ရမည်စသည့်တို့အား ကျင့်သုံးရမည် ဖြစ်ကြောင်း Today Leaners are tomorrow Leaders များ ဖြစ်ကြောင်း၊ အစဉ်အလာကောင်းမွန်သော လှပသာယာသော ပတ်ဝန်းကျင်ပြည့်စုံသော သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း)ကို တက်ရောက်နိုင်ရေးကြိုးစားကြရန်နှင့် သားတို့သမီးတို့၏ ရည်မှန်းချက်များ ပေါက်မြောက် အောင်မြင်နိုင် ကြပါစေကြောင်းနှင့် မိမိတက္ကသိုလ်မှ လှိုက်လှဲစွာ ကြိုဆိုပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးသင်တန်းကျောင်းများကိုယ်စား မကွေးသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးဒေါ်စန္ဒာထွန်းမှ ကျေးဇူးတင်စကားအားလည်းကောင်း၊  သင်တန်း ရေးရာဌာနမှူး ဉီးငွေမိုးထွန်းမှ တက္ကသိုလ်နှင့်ပတ်သက်၍ရှင်းလင်းတင်ပြခြင်းအားလည်းကောင်း၊ တက္ကသိုလ်ဘက်မှ မဟာတန်းကျောင်းသူတစ်ဉီးမှ နှုတ်ခွန်းဆက်စကား အားလည်းကောင်း၊ သင်တန်းကျောင်းများကိုယ်စား သင်တန်းသူတစ်ဉီးမှ ကျေးဇူးတင်စကားများလည်းကောင်း အသီးသီး ပြောကြား ခဲ့ပါသည်။

ထို့နောက် လေ့လာရေးခရီးလာရောက်ကြသော ကျောင်းသား/ကျောင်းသူများနှင့် ကြီးကြပ် လိုက်ပါခဲ့ကြသော ဆရာ/ဆရာမများကို တက္ကသိုလ်နှင့်သင်တန်းကျောင်း(၃)ကျောင်းမှ ကျောင်းသား/ သူများမှ အကအလှတေးသီချင်းများဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြပြီး မှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ပါသည်။ ဆက်လက်၍ တက္ကသိုလ်ကျောင်းဝန်းအတွင်းရှိ ပင်မအဆောက်အဉီမှ e-library၊ library ၊ အားကစားခန်းမနှင့်စာသင်ခန်းများ လှည့်လည်လေ့လာကြပြီး ဧည့်သည်များကို နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကာ အခမ်းအနားကို နေ့လည် (၁း၃၀)နာရီတွင် အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း သိရပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm