Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေး ပညာသင်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၏ လေ့လာရေးခရီးစဉ် ကြိုဆိုပွဲ အခမ်းအနားကျင်းပ


10 Jan,2024

သန်လျင် ဇန်နဝါရီ  ၁၀

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနကြီးကြပ်မှုအောက်ရှိ သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း (ပုသိမ်၊ မော်လမြိုင်) များမှ ကျောင်းသား၊ ကျောင်းသူများအား ဒေသန္တရဗဟုသုတများရရှိစေရန်၊ တက္ကသိုလ်၏ ခန့်ညား ထည်ဝါမှု၊ ဂုဏ်ဒြပ်နှင့် သင်ကြားသင်ယူမှု ပညာရပ်ဝန်းကျင်ကောင်းများကို လေ့လာသိရှိနိုင်စေရန် နှင့် တက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများနှင့် သင်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ အချင်းချင်း ချစ်ခင်စည်းလုံးညီညွတ်မှုရရှိစေရန် ရည်ရွယ်၍ သမဝါယမနှင့်စီမံခန့်ခွဲမှု ပညာတက္ကသိုလ်(သန်လျင်)သို့ လေ့လာရေးခရီးစဉ်အဖြစ် လာရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုပွဲအခမ်းအနားကို ၁၀-၁-၂၀၂၄ ရက်နေ့ ၉ နာရီခွဲတွင် ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ လေ့လာရေးကျောင်းသား၊ ကျောင်းသူများသည် တက္ကသိုလ် စာကြည့်တိုက်နှင့် ကွန်တိန်နာဖြင့်တည်ဆောက်ထားသည့် လူမှုဆန်းသစ်တီထွင်မှု အထောက်အကူပြု ယူနစ်သို့ သွားရောက်လေ့လာပြီး ဘက်စုံသုံးခန်းမရှေ့သို့ ရောက်ရှိရာ ပထမနှစ်နှင့် အထူးပြု ဘာသာရပ်(၅)ခုမှ ကျောင်းသူများက “ထာဝရသစ္စာ” သီချင်းကို ပန်းပွားအကဖြင့် ကြိုဆိုဖျော်ဖြေ ခဲ့ကြပြီး တက္ကသိုလ်ရှိ သင်တန်းနှစ်အသီးသီးမှ အတန်းကိုယ်စားလှယ်များက ကော်ဖီ၊ ပေါင်မုန့်နှင့် အမှတ်တရလက်ဆောင် ပစ္စည်းများဖြင့် ကြိုဆိုခဲ့ကြသည်။ ၎င်းနောက် လေ့လာရေး ကျောင်းသား၊ ကျောင်းသူများသည် ဘက်စုံသုံးခန်းမတွင် နေရာယူကြပြီး တက္ကသိုလ်မှပထမနှစ်နှင့် အထူးပြု ဘာသာရပ်(၅)ခုမှ ကျောင်းသူများက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဝဏ္ဏကျော်ထင် ဦးမြင့်စိုး ရေးစပ်သီကုံးသည့် “မြစိမ်းရောင်လွှမ်းအေးချမ်းစေမည်မြန်မာပြည်” သီချင်းကို တေးသရုပ်ဖော်ဖြင့်လည်းကောင်း၊ တတိယနှစ်သင်တန်းမှ မောင်စစ်ပိုင်ထွန်းနှင့် မယွန်းရတီစိုးတို့က “ခြူသံလွင်လွင်လှည်းယာဉ်လေး” သီချင်းနှစ်ပါးသွားအကဖြင့်လည်းကောင်း ကြိုဆိုဖျော်ဖြေ တင်ဆက်ကြသည်။ ထို့နောက် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြား၍ တက္ကသိုလ်အကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားသည်။ ၎င်းနောက် လေ့လာရေးခရီးစဉ်တွင် လိုက်ပါလာ သည့် သင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများအား ပါမောက္ခချုပ်က တက္ကသိုလ်အထိမ်းအမှတ် လက်ဆောင်ပစ္စည်းများပေးအပ်၍ အမှတ်တရမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး အခမ်းအနား ကို  ၁၀နာရီခွဲတွင် ရုတ်သိမ်းခဲ့သည်။ အခမ်းအနားအပြီးတွင် လေ့လာရေး ကျောင်းသား၊ ကျောင်းသူ များအား တက္ကသိုလ်မှ နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးပြီး နေ့လယ်စာ ဧည့်ခံကျွေးမွေးနေစဉ် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများက ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဖျော်ဖြေခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများ၊ တွဲဖက်ပါမောက္ခ၊ ခေတ္တဌာနမှူးများ၊ ဘာသာရပ်တာဝန်ခံများ၊ ဆရာ၊ ဆရာမများ၊ သင်တန်းနှစ်အသီးသီးမှ အတန်းကိုယ်စားလှယ်များ၊ ဖျော်ဖြေရေးအဖွဲ့များမှ ကျောင်းသား၊ ကျောင်းသူများ၊ သင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီး များနှင့် လေ့လာရေး ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm