Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ (၁၂)ကြိမ်မြောက် မဟာဘုံကထိန် အောင်ပွဲ အခမ်းအနား ကျင်းပ


03 Jan,2024

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၌ (၃.၁.၂၀၂၄) ရက်နေ့ နံနက်ပိုင်း (၁ဝး၀၀)နာရီတွင် (၁၂)ကြိမ်မြောက် မဟာဘုံကထိန်အောင်ပွဲကို ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ၊ ဒုတိယပါမောက္ခချုပ်(စီမံ) ဦးဝင်းနိုင်ထွန်း၊ သင်ကြားရေးဌာန (၁၁)ဌာနမှ ပါမောက္ခ(ဌာနမှူး)၊ တွဲဖက်ပါမောက္ခ(ဌာနမှူး)များ၊ သင်တန်းရေးရာဌာန၊ စီမံခန့်ခွဲရေးရာဌာနနှင့် သုတေသနနှင့်ဖွံ့ဖြိုးမှု ဌာနတို့မှ ဌာနမှူးများ၊ ဆရာ၊ဆရာမ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ပါသည်။ “နမောတဿ (၃)ကြိမ်”ရွတ်ဆိုပြီး အခမ်းအနားကို စတင်ခဲ့ပြီးနောက် ရွှေသမားကျောင်းတိုက်၏ ဦးစီးပဓါန နာယကဆရာတော် ဘဒ္ဒန္တ ဉူးကောသံလ္လာဘိဝံသထံမှ (၅)ပါးသီလခံယူ ဆောက်တည်ခြင်း၊ သံဃာတော်အရှင်သူမြတ်များမှ ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဇျာယ်တော်မူကြပြီးနောက် ဆရာတော်ကြီးများထံ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့ကြပြီး လှူဖွယ်ဝတ္ထုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပါသည်။ ထို့နောက် “ဗုဒ္ဓသာသနံစိရံတိဠတု(၃)ကြိမ်” ရွတ်ဆိုခဲ့ကြပြီး (၁၂) ကြိမ်မြောက် မဟာဘုံကထိန် အောင်ပွဲအခမ်းအနား အောင်မြင်စွာပြီးစီးခဲ့ပြီးနောက် သံဃာတော် အရှင်သူမြတ်များကို ဆွမ်းနှင့်အချိုပွဲများ ဆပ်ကပ်လှူဒါန်းခဲ့ကြပါသည်။ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ဆရာ၊ဆရာမ၊ဝန်ထမ်းမိသားစုဝင်များနှင့် ကျောင်းသား၊ ကျောင်းသူများ အားလုံးတို့၏ကထိန်လှူဒါန်းမှုများမှာ ပစ္စည်းနှင့်ငွေသားတန်ဖိုး စုစုပေါင်း ငွေကျပ်(၇,၆၃၄,၆၅ဝိ/-)တိတိ ဖြစ်ပါသည်။

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm