Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ ဒုတိယပိုင်း


29 Dec,2023

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၌ (၂၉.၁၂.၂၀၂၃) ရက်နေ့ နေ့လည်ပိုင်း (၁၂း၃၀)နာရီတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲ ဒုတိယပိုင်း အခမ်းအနားကို ဘွဲနှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် First Year မောင်သစ်လွင် (Fresher King)၊ မယ်သစ်လွင်(Fresher Queen) နှင့် People Choice Boy and Girl များကို တက်ရောက်လာကြသည့် ဧည့်ပရိသတ်များနှင့် မိတ်ဆက်ခြင်း၊ မဲပေးခြင်း၊ ဖျော်ဖြေရေးအဖွဲ့များ က အဆိုအက အလှများဖြင့် ဖျော်ဖြေခဲ့ကြပါသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် First Year မောင်သစ်လွင် (Fresher King)၊ မယ်သစ်လွင်(Fresher Queen) နှင့် People Choice Boy and Girl များကို ရွေးချယ်ခဲ့ပြီး ရွေးချယ်ခံရသည့် မောင်သစ်လွင် (Fresher King) ရရှိသူအား  စလွယ်နှင့် အမှတ်တရ လက်ဆောင်ကို လည်းကောင်း၊ မယ်သစ်လွင်(Fresher Queen)ရရှိသူအား စလွယ်၊ စတား သရဖူနှင့် အမှတ်တရလက်ဆောင်ကို လည်းကောင်း၊ People Choice Boy ရရှိသူအား  စလွယ်နှင့် အမှတ်တရလက်ဆောင်ကို လည်းကောင်း၊ People Choice Girl ရရှိသူအား စလွယ်၊ စတားသရဖူနှင့် အမှတ်တရလက်ဆောင်တို့ကို ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ၊ ဒုတိယပါမောက္ခချုပ်(စီမံ) ဦးဝင်းနိုင်ထွန်း၊ ပါမောက္ခ(ဌာနမှူး)များမှ အသီးသီး ပေးအပ်ခဲ့ပြီး အမှတ်တရမှတ်တမ်း ဓါတ်ပုံများ ရိုက်ယူခဲ့ပြီး ဒုတိယပိုင်း အခမ်းအနား အောင်မြင်စွာ ပြီးစီးခဲ့ပါသည်။ 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm