Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ဝန်ထမ်းမိသားစုဆန္ဒဖော်ထုတ်ပွဲ (၄/၂၀၂၃) အခမ်းအနားကျင်းပ


27 Dec,2023

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ဝန်ထမ်းမိသားစု ဆန္ဒဖော်ထုတ်ပွဲ (၄/၂၀၂၃) အခမ်းအနားကို ဘွဲ့နှင်းသဘင်ခန်းမ၌ (၂၆.၁၂.၂၀၂၃)ရက်နေ့ နေ့လည် (၃း၀၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ်ဒေါက်တာမို့မို့ရီ၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ သင်ကြားရေးဌာနများမှ ဘာသာရပ်ဌာနမှူးများ၊ အုပ်ချုပ်ရေး(စီမံ၊သင်တန်း၊သုတေသနနှင့်ဖွံ့ဖြိုးမှု) ဌာနများမှ ဌာနမှူးများ၊ သင်ကြားရေးဌာနများမှ ဆရာ/ဆရာမများ၊ အုပ်ချုပ်ရေး(စီမံ၊သင်တန်း၊ သုတေသနနှင့်ဖွံ့ဖြိုးမှု)ဌာနများမှ အရာထမ်း၊ အမှုထမ်းများ စုံစုံညီညီတက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီမှ အမှာစကားပြောကြားရာတွင် တက္ကသိုလ်သည် (၁၂)တာကာလကို ရောက်ရှိမှာဖြစ်သည့်အတွက် ရေရှည် Sustainable ဖြစ်နိုင်ရေးအတွက် ဆရာ၊ဆရာမ ဝန်ထမ်းများ အနေဖြင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိရှိဖြင့် ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း၊  ဆရာ၊ ဆရာမများအနေဖြင့် ခေတ်အလိုက် တိုးတက်ပြောင်းလဲလာသည့် Digital Learning System နှင့်အညီ မိမိတို့၏ Learning Skill တိုးတက်အောင် ကြိုးစားကြရန်၊ စာတွေ့လက်တွေ့ ပေါင်းစပ် သင်ကြားခြင်းဖြင့် သင်ခန်းစာများ လက်တွေ့အသုံးချနိုင်မှုကို အလုပ်အကိုင်အခွင့်အလမ်းရရှိမှုအပေါ် သုံးသပ်ပြီး သင်ရိုးများကို update ဖြစ်အောင် ဆောင်ရွက်ကြရန်၊ သင်ကြားစီမံ ပေါင်းစပ်နိုင်မှ တက္ကသိုလ်၏ အောင်မြင်မှုကို ဆက်လက် ထိန်းသိမ်းထားနိုင်မည်ဖြစ်၍ လုပ်ငန်းခွင်တွင် Good mindset ကို အခြေခံ၍ Intensive ကောင်းကောင်းဖြင့် ကြိုးစားကြရန်၊ communication skills ကို တိုးတက်အောင် ကြိုးစားပြီး   network ကျယ်ပြန့်အောင် ကြိုးစားဆောင်ရွက်ပြီး သင်ကြား၊စီမံဝန်ထမ်းမိသားစုများအနေဖြင့် Collaboration, Co-operation ကောင်းမွန်စွာဖြင့် တက္ကသိုလ် တိုးတက်နိုင်ရေးကို ဦးတည် ကြိုးစားဆောင်ရွက်ကြရန် မှာကြားခဲ့ပြီးနောက် တက္ကသိုလ်မှ ဝန်ထမ်းများ သက်သာချောင်ချိရေးအစီအစဉ်များကို လစဉ် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပြီးနောက်  နောင်လာမည့် မင်္ဂလာနှစ်သစ်တွင် ဝန်ထမ်းမိသားစုများ စိတ်သစ်လူသစ်ဖြင့် တိုးတက်ကြပါစေကြောင်း စိတ်၏ချမ်းသာခြင်းနှင့် ကိုယ်၏ကျန်းမာခြင်းတို့ဖြင့် ပြည့်စုံနိုင်ကြပါစေကြောင်း နှစ်သစ်ဆုမွန်ကောင်း တောင်းပေးခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm