Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အကြိုအထိမ်းအမှတ် ကဗျာ၊ စာစီစာကုံးနှင့် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ


15 Dec,2023

သန်လျင် ဒီဇင်ဘာ ၁၅

          သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင်  (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အကြိုအထိမ်းအမှတ် ကဗျာ၊ စာစီစာကုံးပြိုင်ပွဲများကို ၁၁-၁၂-၂၀၂၃ ရက်နေ့က ကျင်းပခဲ့ပြီး ဘွဲ့ကြိုသင်တန်းနှစ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၄၄ )ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ပါသည်။ ထို့နောက် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အကြိုအထိမ်းအမှတ် ကျပန်းစကားပြော ပြိုင်ပွဲကို ကျောင်းသား၊ ကျောင်းသူများ၏ စာဖတ်စွမ်းရည်၊ တွေးခေါ်မြော်မြင်မှုစွမ်းရည်၊  စကားပြောစွမ်းရည်များ မြင့်မားတိုးတက်လာစေရန်၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်လာစေရန် နှင့် ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များ ဖြစ်လာစေရန်ရည်ရွယ်၍ ၁၄-၁၂-၂၀၂၃ ရက်နေ့မှ   ၁၅-၁၂-၂၀၂၃ ရက်နေ့အထိ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ ဘက်စုံသုံးခန်းမ၌ မြန်မာစာဌာနနှင့် အင်္ဂလိပ်စာဌာနတို့မှ ကြီးမှူး၍  ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါအခမ်းအနားသို့ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)မှ  ပါမောက္ခချုပ် နှင့် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများ၊ ကထိကများ၊ လက်ထောက်ကထိကများ၊ နည်းပြများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက် အားပေးခဲ့ကြပြီး  ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အမျိုးသားရေးစိတ်ဓာတ်ကို ထိန်းသိမ်းနိုင်စေရန်အတွက်လည်းကောင်း၊ စည်းလုံးညီညွတ်မှုရှိစေရန် အတွက်လည်းကောင်း၊ ဘက်စုံထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူများ ဖြစ်စေရန်အတွက် လည်းကောင်း၊ မှန်ကန်သည့်အတွေးအမြင်၊ ဗဟုသုတများ ပြည့်စုံကြွယ်ဝလာစေရန် ရည်ရွယ်၍ ကျင်းပပေးခြင်းဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ ကျပန်းစကားပြောပြိုင်ပွဲတွင်  ဘွဲ့ကြိုသင်တန်းနှစ် အသီးသီးမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၇)ဦးနှင့် Impromptu Talk ပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၈)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲအပြီးတွင် ဆုရရှိသူများအား ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm