Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာ တက္ကသိုလ်(သန်လျင်)တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကဗျာနှင့် စာစီစာကုံး ပြိုင်ပွဲကျင်းပ


12 Dec,2023

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာ တက္ကသိုလ်(သန်လျင်)၊ မြန်မာစာဌာနက ကြီးမှူး ကျင်းပသည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကဗျာနှင့် စာစီစာ ကုံးပြိုင်ပွဲများကို ကျောင်းသားလူငယ်များအား လွတ်လပ်ရေး ထာဝစဉ်တည်တံ့အောင် ထိန်းသိမ်းရမည့် တာဝန်မှာ တစ်မျိုးသားလုံး၏ တာဝန်ဖြစ်သည်ကို သိရှိနားလည်တတ်လာစေရန်၊ တိုင်းပြည်နှင့် လူမျိုးကို ချစ်မြတ်နိုး တတ်လာစေရန်၊ မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက် လာစေရန်နှင့် ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်များ ဖြစ်လာစေရန်  ရည်ရွယ်၍ ကဗျာနှင့် စာစီစာ ကုံးပြိုင်ပွဲကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၁)ရက်နေ့တွင် ဥတ္တရဆောင် (သီရေတာ)၌ ကျင်းပပြု လုပ်ခဲ့ပါသည်။              အဆိုပါပြိုင်ပွဲများတွင်  ပထမနှစ်ကျောင်းသား၊ ကျောင်းသူ( ၁၀ )ဦး၊ အထူးပြု ဘာသာရပ်များအလိုက် ဘွဲ့ကြိုသင်တန်းနှစ် အသီးသီးမှ ကျောင်းသား၊ ကျောင်းသူ( ၃၄ )ဦး၊ စုစုပေါင်း(   ၄၄   )ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါသည်။

 

 

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm