Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ တက္ကသိုလ် (၁၁) နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲအခမ်းအနားကျင်းပခြင်း


01 Dec,2023

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၏ "တက္ကသိုလ် (၁၁)နှစ်ပြည့် နှစ်ပတ် လည်နေ့အထိမ်းအမှတ် အန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲ” အခမ်းအနား ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁)ရက်နေ့ နံနက် (၁၀:၀၀)နာရီ အချိန်တွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)၊ ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ သန်လျင်မြို့၊ ညောင်သုံးပင်ကျောင်းတိုက် ဆရာတော်အမှူးပြုသည့် သံဃာတော်အရှင်သူမြတ် (၁၁)ပါး ကြွရောက်ချီးမြှင့်တော်မူကြပြီး ပါမောက္ခချုပ် ဒေါက်တာရီရီဝင်း၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဒုတိယ ပါမောက္ခချုပ် (သင်ကြား)နှင့် သင်ကြား၊စီမံဌာနများမှ ဌာနမှူးများ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ဆရာမများ၊ ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။ ဦးစွာအခမ်းအနားကို နမောတဿ (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး သန်လျင်မြို့၊ ဝိသုဒ္ဓါရာမချမ်းမြေ့သာယာအေး ကျောင်းတိုက် ဆရာတော် ထံမှ (၅)ပါးသီလ ခံယူဆောက်တည်၍ သံဃာတော်အရှင်သူမြတ်များမှ ရွတ်ပွားချီးမြှင့်တော်မူသည့် အန္တရာယ်ကင်းပရိတ်တရားတော်များကို နာယူခဲ့ကြပြီး ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနမှူးများ၊ သင်ကြား၊ စီမံဌာနများမှ သင်္ကန်းခြင်း၊ ဆန်၊ ဆီ၊ ဆေး၊ ဆား၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေတို့အား ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ယင်းနောက် ဝိသုဒ္ဓါရာ မချမ်းမြေ့သာယာအေး ကျောင်းတိုက်ဆရာတော်ထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်း အနားကို ရုပ်သိမ်းခဲ့ပါသည်။ အခမ်းအနားအပြီးတွင် သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်း၊ ခဲဖွယ်၊ ဘောဇဉ်တို့ကို ဆက်ကပ်လှူဒါန်းခဲ့ပြီး တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများအား ထောပတ်ထမင်းနှင့် အအေးတို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါသည်။

 

 

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm