Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) “(၂၇)ကြိမ်မြောက် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ” အခမ်းအနား ကျင်းပ


24 Nov,2023

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၏ “(၂၇)ကြိမ်မြောက် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ” အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၄)ရက်နေ့ နံနက် (၁၀:၀၀)နာရီ အချိန်တွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။ အဆိုပါအခမ်းအနားသို့ သန်လျင်မြို့၊ ညောင်သုံးပင်ကျောင်းတိုက် ဆရာတော် အမှူးပြုသည့် သံဃာတော်အရှင်သူမြတ် (၅)ပါး ကြွရောက်ချီးမြှင့်တော်မူကြပြီး ပါမောက္ခချုပ် ဒေါက်တာရီရီဝင်း၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဒုတိယပါမောက္ခချုပ် (သင်ကြား)နှင့် သင်ကြား၊စီမံဌာနများမှ ဌာနမှူးများ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ဆရာမများ၊ ဝန်ထမ်းများတက်ရောက်ခဲ့ကြပါသည်။ ဦးစွာ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို နမောတဿ (၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့ ဖွင့်လှစ်ပြီး ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် တက်ရောက်လာကြသည့် ဝန်ထမ်းမိသားစုတို့သည် သန်လျင်မြို့၊ ဝိသုဒ္ဓါရာမချမ်းမြေ့သာယာအေး ကျောင်းတိုက် ဆရာတော်ထံမှ (၅)ပါးသီလခံယူ ဆောက်တည်၍ သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်တော်မူသည့် အန္တရာယ်ကင်း ပရိတ် တရားတော်များကို နာယူခဲ့ကြပြီး ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့်တကွ အလှူရှင်များမှ ကထိန်သင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ယင်းနောက် ဝိသုဒ္ဓါရာမချမ်းမြေ့ သာယာအေးကျောင်းတိုက် ဆရာတော်ထံမှ အနုမောဒနာတရား နာကြား၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ အခမ်းအနားအပြီးတွင် သံဃာတော် အရှင်သူမြတ်များအား ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့်တကွ အလှူရှင် ဝန်ထမ်းမိသားစုများမှ နေ့ဆွမ်း၊ ခဲဖွယ်၊ ဘောဇဉ်တို့ကို ဆက်ကပ်လှူဒါန်းခဲ့ပြီး တက်ရောက်လာကြသည့် ဝန်ထမ်းမိသားစုများအား ငါးပေါင်းနှင့် သီးစုံချဉ်ဟင်းတို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါသည်။ အဆိုပါ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားတွင် ပဒေသာပင် (၇) ခု အပါအဝင် ငွေသားနှင့် ပစ္စည်းစုစုပေါင်းတန်ဖိုးငွေကျပ် ၂၂၃၀၁၀၀/- ကို ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm