Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် “Training of Trainers on Self-Assessment Report Writing” Workshop ကျင်းပ


22 Nov,2023

သန်လျင် နိုဝင်ဘာ ၂၂

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် “Training of Trainers on Self-Assessment Report Writing” Workshop ကို ၂၀-၁၁-၂၀၂၃ ရက်နေ့နှင့် ၂၁-၁၁-၂၀၂၃ ရက်နေ့များတွင် ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့တက္ကသိုလ်အနေဖြင့် ၂၀၂၀ ခုနှစ်တွင် AUN-QA Associate Membership ဖြစ်ခဲ့သည့်အတွက် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကုန်တွင် AUN-QA အဖွဲ့အစည်း၏ စီမံကိန်း အဆိုတင်သွင်းခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ယခုကဲ့သို့ Self-Assessment Report ရေးသားခြင်းနှင့် စပ်လျဉ်း၍ Workshop ကျင်းပရခြင်း ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ ၎င်းနောက် Self-Assessment Report (SAR) ရေးသားခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်မှ AUN-QA Community Project အတွက် တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် ပါမောက္ခ(ဌာနမှူး) ဒေါက်တာနီလာတိုးက SAR ရေးသားရာ တွင် လိုက်နာဆောင်ရွက်ရမည့် Criteria (၈)ချက်အား အသေးစိတ် ရှင်းလင်းဆွေးနွေးပို့ချပြီး သင်တန်းသား၊ သင်တန်းသူ (၄၀)ဦးအား အဖွဲ့(၅)ဖွဲ့ခွဲ၍ အဖွဲ့လိုက် ဆွေးနွေးတင်ပြခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါသည်။ အဆိုပါ Workshop သို့ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)မှ (၃၄)ဦး၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)မှ (၃)ဦး၊ သမဝါယမ ကောလိပ်(ဖောင်ကြီး)မှ (၂)ဦး၊ ယွန်းပညာကောလိပ်(ပုဂံ)မှ (၁)ဦး၊ စုစုပေါင်းသင်တန်းသား၊ သင်တန်းသူ (၄၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm