Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) Teacher’s Capacity Building Training ဖွင့်ပွဲ အခမ်းအနား အစီအစဉ်


21 Nov,2023

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ဆရာ/ဆရာမများ စွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း (Teacher’s Capacity Building Training)ဖွင့်ပွဲအခမ်းအနားကို ဘွဲ့နှင်းသဘင်ခန်းမ၌ (၂၀.၁၁.၂၀၂၃)ရက်နေ့ နံနက်(၀၉း၀၀)နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ်ဒေါက်တာမို့မို့ရီ၊ ဒုတိယပါမောက္ခချုပ် (စီမံ)၊ သင်ကြားရေးဌာနများမှ ဘာသာရပ် ဌာနမှူးများ၊ သင်တန်းရေးရာဌာနမှ ဌာနမှူးများနှင့် တာဝန်ရှိသူများ၊ သင်တန်းသား ဆရာမ(၁၄)ဦး စုံစုံ ညီညီ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီမှ အမှာစကားပြောကြားရာတွင် ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်မှာ တက္ကသိုလ်၏ vision ဖြစ်သည့် အရည်အသွေး ပြည့်ဝသော လူ့စွမ်းအားရင်းမြစ်များ မွေးထုတ်ပေးနိုင်ရန်အတွက် ဆရာ/ဆရာမများ အနေဖြင့် ၂၁ရာစု ပညာရေးအရ စာသင်ကြားတတ်ရုံနှင့် မလုံလောက်ပဲ leadership skills, cooperation skills, collaboration skills, critical thinking skills, creatively  skills, communication skills တို့ဖြင့် ပြည့်ဝစေရန်၊ Capability building ဟုဆိုသည့်အတိုင်း မိမိတို့၏ Existing ability ကို ပိုမိုတိုးတက်စေရန် အရည်အသွေးမြှင့်တင်ပေးခြင်း ဖြစ်ကြောင်း၊ ဆရာ၊ဆရာများအနေဖြင့် မိမိတို့၏ အရည်အ‌သွေးကို တိုးတက်စေရန်၊ နည်းပညာများနှင့် အလှမ်းမကွာပဲ တိုးတက်သော ပညာရေးကို လက်လှမ်းမီနိုင်အောင် ကြိုးစားနိုင်စေရန်နှင့် ဘာသာရပ်ဆိုင်ရာနှင့် သင်တန်းရေးရာဆိုင်ရာ အသိပညာဗဟုသုတများကိုပါ ထည့်သွင်း သင်ကြားပေးမည် ဖြစ်သည့်အတွက် သင်တန်းသူဆရာမများအနေဖြင့် ကြိုးစားသွားကြရန် မှာကြားခဲ့ပြီးနောက် ဖွင့်ပွဲအခမ်းအနားကို အောင်မြင်စွာပြီးစီးခဲ့ပါသည်။ ဆရာ/ဆရာမများ စွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း (Teacher’s Capacity Building Training) သင်တန်းကို (၂၀.၁၁.၂၀၂၃) ရက် နေ့မှ (၂၄.၁၁.၂၀၂၃) ရက်နေ့ထိ ဖွင့်လှစ် သင်ကြားသွားမည် ဖြစ်ပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm