Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) “Knowledge Sharing”အခမ်းအနား ကျင်းပ


27 Oct,2023

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် သမဝါယမပညာဌာနမှ ဒေါ်မာမာ‌အေး (ကထိက)၊ ဒေါ်နှင်းမမဝင်း(လ/ထကထိက) တို့မှ အိန္အိန္ဒိယနိုင်ငံ “The National Institute for Entrepreneurship and Small Business Development (NIESBUD)” ၌ ပညာသင်တက်ရောက်ခဲ့သည့့် “Innovative Leadership for Organization Growth and Excellence (ILOGE)” သင်တန်း၏ အတွေ့အကြုံ  “Knowledge Sharing” အခမ်းအနားကို ဘွဲ့နှင်းသဘင်ခန်းမ၌ (၂၇.၁၀.၂၀၂၃)ရက်နေ့ နံနက် (၁၀း၀၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ်ဒေါက်တာမို့မို့ရီ၊ သင်ကြားရေးဌာနများမှ ဘာသာရပ် ဌာနမှူးများ၊ သင်ကြားရေးဌာနများမှ ဆရာ/ဆရာမများ၊ စုံစုံညီညီတက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီမှ အဖွင့်အမှာစကားပြောကြားပြီးနောက် ဒေါ်မာမာအေး၊ ကထိကနှင့် ဒေါ်နှင်းမမဝင်း၊ လ/ထကထိကတို့မှ သင်တန်းတက်ရောက်ခဲ့ပြီးနောက် ရရှိလာသည့်  အသိပညာ ဗဟုသုတများကို တက်ရောက်လာကြသည့် ဆရာ၊ဆရာများကို ဝေမျှဆွေးနွေး ပြောပြခဲ့ပြီး သိလိုသူများ မေးမြန်း ဆွေးနွေးမှုအပေါ်  ပြန်လည်ဖြေကြားခဲ့ကြပြီးနောက်   အခမ်းအနား အောင်မြင်စွာပြီးစီးခဲ့ကြောင်းသိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm