Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ဝန်ထမ်းမိသားစုဆန္ဒဖော်ထုတ်ပွဲ (၃/၂၀၂၃) အခမ်းအနား ကျင်းပ


25 Oct,2023

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ဝန်ထမ်းမိသားစု ဆန္ဒဖော်ထုတ်ပွဲ (၃/၂၀၂၃) အခမ်းအနားကို ဘွဲ့နှင်းသဘင်ခန်းမ၌ (၂၄.၁၀.၂၀၂၃)ရက်နေ့ နေ့လည် (၃း၀၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ်ဒေါက်တာမို့မို့ရီ၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ သင်ကြားရေးဌာနများမှ ဘာသာရပ်ဌာနမှူးများ၊ အုပ်ချုပ်ရေး(စီမံ၊သင်တန်း၊သုတေသနနှင့်ဖွံ့ဖြိုးမှု) ဌာနများ မှ ဌာနမှူးများ၊ သင်ကြားရေးဌာနများမှ ဆရာ/ဆရာမများ၊ အုပ်ချုပ်ရေး(စီမံ၊သင်တန်း၊ သုတေသနနှင့်ဖွံ့ဖြိုးမှု)ဌာနများမှ အရာထမ်း၊ အမှုထမ်းများ စုံစုံညီညီတက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီမှ အမှာစကားပြောကြားရာတွင် မိမိတက္ကသိုလ်သည် (၁၁)နှစ်ပြည့်မီခဲ့ပြီ ဖြစ်၍ တခြားတက္ကသိုလ်များနည်းတူ ယှဉ်ပြိုင်လာနိုင်စေရန် ဆရာ၊ဆရာမများအနေဖြင့် သင်ကြားရေးပိုင်းတွင် ခေတ်နဲ့အညီ မျက်ခြေမပြတ် လေ့လာပြီး မိမိအရည်အသွးတိုးတက်လာစေရန် လေ့လာသင်ယူပြီးနောက် မိမိတက္ကသိုလ်မှ အရည်အသွးပြည့်ဝသော လူ့စွမ်းအားရင်းမြစ်များ မွေးထုတ်ပေးလာနိုင်အောင် ကြိုးစားဆောင်ရွက်ကြရန်၊ သင်ကြားမှုအရည်အသွေး တိုးတက်အောင် ကြိုးစားသကဲ့သို့ မိမိရဲ့ Research စွမ်းရည် တိုးတက်လာအောင် ဆောင်ရွက်ကြရန်၊ အရာထမ်း၊ အမှုထမ်းဝန်ထမ်းများ အနေဖြင့်လည်း လေ့လာသင်ယူဆည်းပူးရင်း မိမိအရည်အသွေးတိုးတက်အောင် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ ချမှတ်ထားသော ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများ၊ လုပ်ငန်းခွင် စည်းကမ်းများကို လိုက်နာကြပြီး ဌာနတွင်းစည်းလုံး ညီညွတ်မှုကို တည်ဆောက်ပြီးနောက် စိတ်စေတနာ ထက်သန်စွာဖြင့် မိမိတက္ကသိုလ်ပုံရိပ် လှပတိုးတက်အောင် ကြိုးစားသွားကြရန် မှာကြားခဲ့ပြီးနောက် သီတင်းကျွတ်ပိတ်ရက်များတွင် ဆရာ၊ ဆရာမ၊ ဝန်ထမ်း မိသားစုများ အားလုံး ကိုယ်စိတ်ချမ်းသာ သာယာချမ်းမြေ့ ပျော်ရွှင်နိုင်ကြပါစေဟု ဆုမွန်ကောင်း တောင်းခဲ့ပြီးနောက် ဝန်ထမ်းမိသားစုများအတွက် သီတင်းကျွတ်မုန့်ဖိုး တစ်ဦးလျှင် ငွေကျပ်(၁၅ဝဝဝိ/-)တိတိစီ ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ဆက်လက်၍ ဝန်ထမ်းများမှ မိမိတို့အခက်အခဲများကို တင်ပြခဲ့ပြီး ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(စီမံ)တို့မှ ပြန်လည်ရှင်းလင်းခဲ့ကြပြီး အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm