Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) GEC(ပညာရေး)သမဝါယမအသင်းလီမိတက်နှင့်ငွေစုငွေချေးသမဝါယမအသင်းလီမိတက် ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ်နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပ


13 Oct,2023

အောက်တိုဘာလ ၁၃ ရက်

                   ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)ရှိ ဌာနဆိုင်ရာဝန်ထမ်းများဖြင့် ဖွဲ့စည်းထားသည့်GEC(ပညာရေး)သမဝါယမအသင်း လီမိတက်နှင့် ငွေစုငွေချေးသမဝါယမအသင်းလီမိတက်တို့၏ ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ် အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးအခမ်းအနားကို ယနေ့ နေ့လယ်(၁)နာရီ က သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရပါသည်။ အခမ်းအနားတွင် GEC(ပညာရေး)သမဝါယမအသင်းလီမိတက်၏ သဘာပတိ အဖြစ် ဒေါ်နှင်းမိုးဆမ်းနှင့် ငွေစုငွေချေးသမဝါယအသင်းလီမိတက်၏ သဘာပတိ အဖြစ် ဒေါ်ချိုချိုအောင် တို့က အဖွင့်အမှာစကားပြောကြားပြီး အသင်း၏ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များကိုလည်းကောင်း၊ ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် အမှုဆောင်အဖွဲ့အစီရင်ခံစာနှင့်ဘဏ္ဍာရေးရှင်းတမ်းများ၊ အသင်းစာရင်း စစ်အစီရင်ခံစာများအား အဖွဲ့ဝင်များကဖတ်ကြားတင်သွင်းခြင်းများအား ရှင်းလင်းတင်ပြ၍ အတည်ပြုခဲ့ကြပြီး တက်ရောက်လာသည့်အသင်းသား၊ အသင်းသူများက မိမိတို့သိလိုသည်များ ကို မေးမြန်းဆွေးနွေးရာ သဘာပတိက ပြန်လည်ဖြေကြားခဲ့သည်။ ဆက်လက်၍ သမဝါယမ နှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)ရှိ ဌာနဆိုင်ရာဝန်ထမ်းများဖြင့် ဖွဲ့စည်းထားသည့် GEC (ပညာရေး) သမဝါယမအသင်းလီမိတက်တွင်အသင်းသား၊ အသင်းသူ (၁၄၁) ဦးနှင့်ငွေစုငွေချေး သမဝါယမအသင်းလီမိတက်တွင် အသင်းသား၊ အသင်းသူ(၁၈၃)ဦးရှိပြီး တက်ရောက်လာသည့် အသင်းသားအသင်းသူများအား စရိတ်ချီးမြှင့်ငွေများကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm