Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ဘွဲ့ကြိုသင်တန်းများနှင့် ဘွဲ့လွန်သင်တန်းများ၏ စာမေးပွဲများ စစ်ဆေးပြီးစီး


29 Sep,2023

သန်လျင် စက်တင်ဘာလ ၂၉

            သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပထမနှစ်(ဒုတိယနှစ်ဝက်)သင်တန်းနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ် (ပထမနှစ်ဝက်)သင်တန်းများ၏ ကွန်ပျူတာလက်တွေ့ စာမေးပွဲများကို ၁၈-၉-၂၀၂၃ ရက်နေ့မှ ၂၁-၉-၂၀၂၃ ရက်နေ့အထိလည်းကောင်း၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မဟာတန်း (ဒုတိယနှစ်)သင်တန်း၏ ပထမနှစ်ဝက် ရေးဖြေစာမေးပွဲကို ၁၈-၉-၂၀၂၃ ရက်နေ့မှ ၂၁-၉-၂၀၂၃ ရက်နေ့အထိလည်းကောင်း၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပထမနှစ်(ဒုတိယနှစ်ဝက်)သင်တန်းနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်၊ ဘွဲ့လွန်ဒီပလိုမာနှင့် မဟာတန်း (ပထမနှစ်)သင်တန်းများ၏ ပထမနှစ်ဝက် ရေးဖြေစာမေးပွဲများကို ၂၂-၉-၂၀၂၃ ရက်နေ့မှ           ၂၉-၉-၂၀၂၃ ရက်နေ့အထိလည်းကောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနတို့၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့် တက္ကသိုလ်လုံခြုံရေးစီမံချက်ပါ အစီအမံများနှင့်အညီ  အဆင်ပြေချောမွေ့စွာ စစ်ဆေးပြီးစီးကြောင်း သိရသည်။

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm