Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

နည်းပြ ဆရာ/ဆရာမများ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် သင်ကြားမှုနည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ


05 May,2022

နည်းပြ ဆရာ/ဆရာမများ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် သင်ကြားမှုနည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို (၂.၅.၂၀၂၂)ရက်၊ တနင်္လာနေ့၊ နံနက် (၉:၀၀)နာရီတွင် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုအခမ်းအနားကို စစ်ကိုင်းပညာရေးတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ်၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ဒုတိယပါမောက္ခချုပ်(စီမံ)၊ ပါမောက္ခ/ဌာနမှူးများ၊ စီမံ/သင်တန်း/သုတေသနနှင့် ဖွဲ့ဖြိုးမှုဌာနမှ ဌာနမှူးနှင့် အရာရှိများ၊ ဆရာ/ဆရာမများ၊ သင်တန်းသူ ဆရာ/ဆရာမများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာမို့မို့ရီမှ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် လူ့စွမ်းအားအရင်းအမြစ်များ အရည်အသွေး ပြည့်ဝရေးသည် အရေးကြီးသော ကဏ္ဍဖြစ်သည့်အတွက် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ်/ကောလိပ်များမှ နည်းပြဆရာ/ဆရာများ၊ သမဝါယမစာရင်းရေးစာရင်းကိုင် သင်တန်းကျောင်းများမှ ဆရာ/ဆရာမများ၏ သင်ကြားမှုစွမ်းဆောင်ရည်မြင့်မားလာစေရေး၊ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားလာစေရန် ရည်ရွယ်၍ ယခုသင်တန်းအား ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ သင်တန်းကာလမှာ မေလ(၂)ရက်နေ့မှ မေလ(၂၀)ရက်နေ့အထိ (၃)ပတ် ကြာမြင့်မည်ဖြစ်ကြောင်း၊ တက္ကသိုလ်/ကောလိပ်များ ဖွဲ့စည်းပုံ လိုအပ်ချက်အရ အသစ်ခန့်အပ်ထားသည့် နည်းပြ ဆရာ/ဆရာများ၏ သင်ကြားမှု စွမ်းဆောင်ရည်မြင့်မားတိုးတက်စေရန်နှင့် Teaching Methods၊ Academic Leadership သဘောတရားများ၊ Education Theory နှင့် Psychology များ သိရှိနားလည်စေပြီး လုပ်ငန်းခွင်တွင် ထိရောက်စွာ ပြန်လည်အသုံးချနိုင်ရေးအတွက် တက္ကသိုလ် ကောလိပ်များတွင် သင်ကြားသည့် ဘာသာရပ်(၁၁)ခုနှင့် ပညာရေးတက္ကသိုလ်(စစ်ကိုင်း)မှ ပညာရေးသဘောတရားဘာသာရပ် (Educational Theory, Behaviorist Theory, Construct vision Theroy)၊ ပညာရေးစိတ်ပညာဘာသာရပ်(Education Psychology)နှင့် သင်ပြနည်းဘာသာရပ် (Teaching Methodology) ဘာသာရပ်များ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း၊ သင်တန်းမှ ရရှိလာသော အတွေ့အကြုံများကို လက်တွေ့အသုံးချနိုင်ရေး ကြိုးစားသွားကြရန်၊ ထူးချွန်ထက်မြက်ပြီး အရည်အချင်းပြည့်ဝသော ဆရာ/ဆရာများအဖြစ် နိုင်ငံတော်နှင့် ပြည်သူ့အကျိုးအတွက် မျိုးဆက်သစ်လူငယ်များကို မွေးထုတ်ပေးနိုင်ရေး ဆောင်ရွက်သွားကြရန်တို့ကို ပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းအား (၂.၅.၂၀၂၂)ရက်နေ့မှ (၂၀.၅.၂၀၂၂)ရက်နေ့အထိ (၂၁)ရက် (၃)ပတ်ကြာ သင်ကြားသွားမည်ဖြစ်ကြောင်းသိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm