Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဝန်ထမ်းမှုဆိုင်ရာ အခြေခံသင်တန်း(၁/၂၂)ဖွင့်လှစ်ခြင်း အခမ်းအနား ကျင်းပ


02 May,2022

(၁.၄.၂၀၂၂) မှ (၇.၄.၂၀၂၂) ရက်နေ့အထိ ဖွင့်လှစ်သွားမည့် ဝန်ထမ်းမှုဆိုင်ရာ အခြေခံသင်တန်း (အမှုထမ်း) (၁/၂၀၂၂) သင်တန်း ၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို (၁.၄.၂၂) နေ့ နံနက်(၉:၀၀) နာရီတွင် တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ပါသည်။အခမ်းအနားသို့ ဒုတိယပါမောက္ခချုပ်(စီမံ)၊ သင်ကြား၊ စီမံဌာနများမှ ဌာနမှူးများနှင့် အမှုထမ်းဝန်ထမ်း သင်တန်း သား/သူ(၈၀)ဦးတို့ တက်ရောက်ခဲ့ကြသည်။  

၎င်းဖွင့်ပွဲအခမ်းအနားတွင် ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာမို့မို့ရီက အဖွင့်အမှာစကား ခဲ့ရာတွင်ယခုပို့ချဖွင့်လှစ်သည့်သင်တန်းမှာ ရုံးလုပ်ငန်းများ ကျွမ်းကျင် နားလည်ရန်၊ ဝန်ထမ်းများ သိရှိနားလည်သင့်သည်များကို သိရှိရန်ရည်ရွယ်ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ စွမ်းရည်မြှင့်တင်၊ မွမ်းမံပေးသည့် သင်တန်းများကိုတက်‌ရောက်ထားသော ဝန်ထမ်းများအနေဖြင့် လုပ်ငန်းများကို နည်းစနစ်တကျလုပ်ဆောင်သွားနိုင်မည်ဖြစ်ကြောင်း၊ နောင်တွင် မိမိတို့ လုပ်ငန်းနှင့်ပတ်သက်သည့် သက်ဆိုင်ရာလုပ်ငန်းစဉ်များအတွက် များစွာအထောက်အကူပြုပါကြောင်း၊ သင်တန်းကာလအတွင်း ကြိုးစားအားထုတ်သင်ယူခြင်းဖြင့် မိမိတို့၏ လုပ်ငန်းပိုင်းဆိုင်ရာအရည်အသွေးများကို ဖြည့်ဆည်းသွားကြရန် နှင့် နောင်တွင် ပညာရပ်ဆိုင်ရာသင်တန်းများနှင့်အခြားသင်တန်းများကိုပါ ထပ်မံပို့ချဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်းစသည်ဖြင့်ပြောကြားခဲ့ပါသည်။ ၄င်းဖွင့်ပွဲအခမ်းအနားကို နံနက် (၉:၃၀)နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm