Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးများ စွမ်းဆောင်ရည်မြှင့်တင်သင်တန်း အမှတ်စဉ်(၂/၂၀၂၂) သင်တန်းဆင်းပွဲကျင်းပ


24 Feb,2022

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးများ စွမ်းဆောင်ရည်မြှင့်တင်သင်တန်း အမှတ်စဉ်(၂/၂၀၂၂) သင်တန်းဆင်းပွဲကျင်းပ
================================================================================
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးများ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၂/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားကို (၁၈-၂-၂၀၂၂)ရက်နေ့၊ နေ့လည်(၁၄:၀၀)နာရီအချိန်တွင် ရုံးအမှတ်(၃၆)၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ(၂)၌ Video Conferencing,စနစ်ဖြင့် ကျင်းပပြုလုပ်ရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦး‌သိန်းလွင် က သင်တန်းဆင်း အမှာစကားပြောကြားသည်။အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားတွင် တိုင်းဒေသကြီး/ပြည်နယ်များက သင်တန်းသား/သူ (၅၀)ဦးက Video Conferencing ဖြင့် တက်ရောက်ကြပြီး၊ သင်တန်းကာလကို(၁၄-၂-၂၀၂၂)ရက်နေ့မှ (၁၈-၂-၂၀၂၂ ) ထိ သင်ကြားပို့ချ‌ပေးခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm