Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရုံးလုပ်ငန်းသုံး ကွန်ပျူတာဆိုင်ရာ ပညာရပ်နှင့် E-Government အထောက်အကူပြု Basic Microsoft Office Applications သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ


21 Apr,2022

သန်လျင် ဧပြီ ၂၀

               သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဌာန၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့်   ရုံးလုပ်ငန်းသုံး ကွန်ပျူတာဆိုင်ရာ ပညာရပ်နှင့် E-Government အထောက်အကူပြု Basic Microsoft Office Applications သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့တွင် ဒက္ခိဏဆောင် သီရေတာ ခန်းမ၌ ကျင်းပရာ ပါမောက္ခချုပ်၊ ဒေါက်တာရီရီဝင်းတက်ရောက်၍ အဖွင့်အမှာစကား ပြောကြား သည်။

               ပါမောက္ခချုပ်မှ ယနေ့ဖွင့်လှစ်သည့် သင်တန်းသည် ဝန်ထမ်းသစ်အဖြစ် ခန့်ထားခဲ့သည့် ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများကို ICT ပညာရပ်နှင့် စပ်လျဉ်း၍ လုပ်ငန်းခွင်တွင် လက်တွေ့အသုံးချနိုင်စေရေး ရည်ရွယ်ပြီး ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ သင်တန်းသား/သူများ အနေဖြင့် တစ်ဦးချင်း လိုအပ်ချက်အရဖြစ်စေ၊ ဌာန၊ အဖွဲ့အစည်းအတွက်  လုပ်ငန်းလိုအပ်ချက် အရဖြစ်စေ၊ ကျွမ်းကျင်မှု အရည်အချင်း ပြည့်ဝစွာဖြင့် လုပ်ငန်းစွမ်းဆောင်နိုင်ရည် မြင့်မားရေး အတွက် ကြိုးစားသင်ယူ လေ့လာကြရန် တိုက်တွန်း မှာကြားလိုကြောင်း ပြောကြားခဲ့ပါသည်။

               ယင်းနောက် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာဥမ္မာစံက သင်တန်းတွင်ပို့ချမည့် ဘာသာရပ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား ခဲ့ပါသည်။ အဆိုပါသင်တန်းကို ၂၀-၄-၂၀၂၂ ရက်နေ့မှ ၃-၅-၂၀၂၂ ရက်နေ့အထိ သင်ကြားပို့ချ သွားမည်ဖြစ်ပြီး သင်တန်းသား ဆရာ၊ ဆရာမ (၃၁)ဦးနှင့် ရုံးဝန်ထမ်း(၂၉)ဦး၊ စုစုပေါင်း သင်တန်းသား (၆၀)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm