Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး ရန်ကုန်တိုင်းဒေသကြီး ဝန်ထမ်းများနှင့် တွေ့ဆုံမှာကြား


21 Apr,2022

နေပြည်တော် ဧပြီ ၂၀

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် (၂၀-၄-၂၀၂၂) ရက်နေ့၊ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်ရှိ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ကျေးလက်‌ ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် သမဝါယမဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ပါသည်။

               ထိုသို့တွေ့ဆုံရာတွင် ဒုတိယဝန်ကြီး ဦးမြင့်စိုးက ဝန်ထမ်းများနှင့် ယခုကဲ့သို့ တွေ့ဆုံ ရသည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် မည်သည့်လုပ်ငန်းတာဝန်များကို မဆို ထမ်းဆောင်ရမည်ဆိုလျှင် ကိုယ်ထိတွေ့ရမည့် ပြည်သူလူထု၊ ဒေသနှင့် နိုင်ငံ၏ အကျိုးရှိရာ ရှိကြောင်းကို ကိုယ်တိုင်ထိုးထွင်းကြံဆပြီး ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်းနှင့် အမှုထမ်းငယ် များမှစ၍ အရာရှိများထိ ခံယူချက်ပြည့်ဝမှသာ လုပ်ငန်းဆောင်ရွက်ရာတွင် ပျော်ရွှင်နိုင်မည် ဖြစ်ပါကြောင်း၊ လုပ်ငန်းတာဝန်များကို ထမ်းဆောင်သည့်အခါ ဦးစီးဌာနတစ်ခုတည်း လုပ်ကိုင်၍ မရနိုင်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန(၃)ခု ပူးပေါင်းဆောင်ရွက်မှသာ လုပ်ငန်း များ အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ခရိုင်ရုံးများ တိုးချဲ့ဖွင့်လှစ် ထားပြီးဖြစ်သည့်အတွက် ခရိုင်ရုံးများတွင် တာဝန်ထမ်းဆောင်သည့် ဝန်ထမ်းများ၏ Capacity တိုးတက်ရေးအတွက် စီနီယာကျသည့် အထက်အရာရှိများက သင်ကြားပို့ချသွားစေလိုပါကြောင်း၊ သို့မှသာ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အဆင်ပြေနိုင်မည်ဖြစ်ပါကြောင်း၊ သင်တန်းများဖွင့်လှစ်ပြီးပါက အလုပ်အကိုင်ရရှိရေး သင်တန်းသားများ၏ အခက်အခဲများကို ကူညီ ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်းနှင့် ဝန်ထမ်းများအနေဖြင့် အခက်အခဲများရှိပါကလည်း တင်ပြ သွားရန်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

               ဆက်လက်၍ အသေးစားစက်မှုလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးမှ တင်ပြချက်များ အပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

               ထို့နောက် ဒုတိယဝန်ကြီးသည် မြန်မာ့လက်မှုအနုပညာစင်တာ (MHC) သို့ သွားရောက်၍ အ‌ရောင်းပြခန်းများအား လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များ မှာကြားခဲ့ပြီး အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန၊ ရုံးဝန်းအတွင်းရှိ ဌာနပိုင်အဆောက်အဦများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm