ဝန်ဆောင်မှုသမဝါယမအသင်းများ၏ အသင်းအမျိုးအစားအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
(က) ဌာနဆိုင်ရာငွေစုငွေချေးသမဝါယမအသင်း
ဌာနအလိုက်ဝန်ထမ်းများ၏ စီးပွားရေး၊ လူမှုရေး အခက်အခဲများ ဖြေရှင်း ဆောင်ရွက် နိုင်ရန်အတွက် ဝန်ထမ်းများ၏ သာရေး၊ နာရေး လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်နိုင်ရန်၊ ချွေတာစုဆောင်းမှုအလေ့အထကို ဖြစ်စေရန်နှင့် မိမိတို့ဌာန ဆိုင်ရာဝန်ထမ်းများမှ ကိုယ့်အားကိုယ်ကိုးနိုင်သည့်စနစ် ဖြစ်ထွန်းစေရန် ရည်ရွယ်၍ ငွေစုငွေချေးလုပ်ငန်းကိုဆောင်ရွက်ခဲ့ပြီး(၃၁-၃-၂၀၂၄)ရက်နေ့အထိလုပ်ငန်းဆောင်ရွက် မှု အခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
ရှမ်းပြည်နယ်၊ပင်းတယမြို့နယ်၊ မြသုခအစိုးရဝန်ထမ်းပေါင်းစုံငွေစုငွေချေး သမဝါယမအသင်းလီမိတက်မှ အသင်းသားပြည်သူများသို့ အစုပေါ်အမြတ်နှင့် စုဆောင်းပေါ်အတိုး များထုတ်ပေးခြင်း
ဈေးသမဝါယမအသင်းများအနေဖြင့် သက်ဆိုင်ရာမြို့နယ် စည်ပင်သာယာဈေးများ တွင် အသိအမှတ်ပြုချထားပေးသောဈေးဆိုင်ခန်းများ၌ ရောင်းချသော ဈေးသည်များ ဖြင့်ဖွဲ့စည်းထားပြီး ဈေးအသင်း သား/အသင်းသူများထဲမှ အရင်းအနှီးနည်းပါးသော အသင်းသားစျေးသည်များ ဝင်ငွေတိုးတက်လာစေပြီး စီးပွားရေးလုပ်ငန်း ပိုမို အောင်မြင်အောင် ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ လုပ်ငန်းဆောင်ရွက်ခဲ့ပြီး (၃၁-၃-၂၀၂၄)ရက်နေ့ထိလုပ်ငန်းဆောင်ရွက်မှုအခြေအနေမှာအောက်ပါအတိုင်းဖြစ်ပါသည်-
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ မေတ္တာမွန် ဈေးသမဝါယမအသင်းလီမိတက်မှ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အသင်းသားပြည်သူများအားစုဆောင်းငွေအပေါ် အတိုးများထုတ်ပေးခြင်း
အသေးစားငွေစုငွေချေး သမဝါယမအသင်းကို ကျေးရွာ/ရပ်ကွက်အတွင်း နေထိုင် ကြသော လက်လုပ်လက်စား၊ခေါင်းရွက်ဗျပ်ထိုးဈေးသည်များ၊ အိမ်ဆိုင်၊ လက်လီဆိုင် လုပ်ကိုင်သောသူများနှင့်ဖွဲ့စည်းထားပြီး လက်လုပ်လက်စား၊ ခေါင်းရွက်ဗျပ်ထိုး ဈေးသည်များ၊ အိမ်ဆိုင်၊ လက်လီဆိုင်လုပ်ကိုင်သော အသင်းသားများ အရင်းအနှီး ရရှိ၍ မိသားစုဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ လုပ်ငန်းဆောင်ရွက်ပြီး (၃၁-၃-၂၀၂၄)ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်မှု အခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
မြစ်ကြီးနားမြို့ဆွတ်အောင်မြတ်အသေးစားငွေစုငွေချေးသမဝါယမအသင်းလီမိတက်မှ အသင်းသားပြည်သူများသို့ စုဆောင်းငွေပေါ်အတိုးနှင့် ထောက်ပံ့ငွေများပေးအပ်ခြင်း
လယ်ယာအထောက်အကူပြုဝန်ဆောင်မှုသမဝါယမအသင်း
လယ်ယာဝန်ဆောင်မှုပေးခြင်း။ လယ်ယာအထောက်အကူပြု ဝန်ဆောင်မှုသမဝါယမ အသင်းများအနေဖြင့် စိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်းဆောင်ရွက် နေသည့် တောင်သူ လယ်သမားများအတွက် ရာသီချိန်မီစိုက်ပျိုးနိုင်ရန် အောက်ပါအတိုင်း လယ်ယာ ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါသည် -
စက်ကိရိယာ(၅၆၀)စီး
(၁) ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းလုပ်ငန်းဆောင်ရွက်နိုင်မှုအခြေအနေ
အသင်းပိုင်မြေနေရာရှိပြီး ရင်းနှီးမြှပ်နှံမှုအားကောင်းသည့် သမဝါယမအသင်း များအနေဖြင့်အခြားလုပ်ငန်းများအပြင်ဝန်ဆောင်မှုလုပ်ငန်းဖြစ်သည့် ဟိုတယ်၊ မိုတယ်လုပ်ငန်းများကိုလည်းဆောင်ရွက်လျက်ရှိရာ (၃၁-၃-၂၀၂၄)ထိ အသင်းသားပြည်သူများ အတွက် အောက်ပါအတိုင်း ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ ပါသည်-
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ အိုအေစစ်ဟိုတယ်
နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်သမဝါယမအသင်းစု၏ သုခမြိုင်မိုတယ်
(၂) ဆေးရုံလုပ်ငန်းဆောင်ရွက်မှုအခြေအနေ
သမဝါယမအသင်းများအနေဖြင့် ဆေးရုံလုပ်ငန်းကို ဆောင်ရွက်ရသည့် ရည်ရွယ်ချက်မှာ အသင်းသားများနှင့် ပြည်သူလူထုများ၏ ကျန်းမာရေး စောင့်ရှောက်မှုကိုတစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန်နှင့် သက်သာ သောစရိတ်ဖြင့် ဆေးကုသမှုခံယူနိုင်ရန် ဆောင်ရွက်ရခြင်းဖြစ်ပါသည်။ (၃၁-၃-၂၀၂၄)ရက်နေ့အထိ ဆေးရုံ လုပ်ငန်းဆောင်ရွက်မှုအခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ အေးသာယာ သမဝါယမဆေးရုံ
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ရှိ ဂျီအီးစီဆေးရုံ
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။