ကုန်ထုတ်လုပ်မှုသမဝါယမအသင်းများ၏ အသင်းအမျိုးအစားအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
(၁) ချေးငွေထုတ်ချေးခြင်း
လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းနှင့် လယ်ယာနှင့် အထွေထွေစီးပွားရေး သမဝါယမအသင်းများ၏ အသင်းပိုင်/ အသင်းသားပိုင် လယ်ယာမြေများတွင် စပါး၊ ဂျုံ၊ ပြောင်းဖူးစေ့၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ဂုံလျှော်၊ ပဲမျိုးစုံအပါအဝင် သီးနှံမျိုးစုံစိုက်ဧက(၂၆၄၉၀၀၁.၂၉)ဧကကို စိုက်ပျိုးထုတ်လုပ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၎င်းအသင်းသားများ၏ စိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်များကို အသင်းသားများ၏ အစု၊ စုဆောင်းများ အပါအဝင် အသင်းပိုင်/အသင်းအချင်းချင်း ပံ့ပိုးငွေဖြင့် အောက်ပါအတိုင်း ဆောင်ရွက် ပေးလျက်ရှိပါသည် -
စိုက်ပျိုးရေးသမဝါယမအသင်းသားများအား ချေးငွေထုတ်ချေးနေပုံ
အသင်းသားများစိုက်ပျိုးရာသီအချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် အသင်းသားတောင်သူများက စက်ကိရိယာများဝယ်ယူရာတွင် ငွေတစ်လုံးတခဲတည်းပေးချေရန် အဆင်မပြေ သည့်အတွက် သမဝါယမစနစ်ဖြင့် အရစ်ကျ Hire Purchase စနစ်ဖြင့် စက်ကိရိယာ များကို အောက်ပါအတိုင်း ရောင်းချဆောင်ရွက်ပေးနိုင်ခဲ့ပါသည် -
သမဝါယမအသင်း/ အသင်းသား လယ်ယာမြေများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်မှု လယ်ယာစနစ်မှစက်မှု လယ်ယာစနစ်သို့ ကူးပြောင်းနိုင်ရန်အတွက် လယ်ယာမြေများ အဆင့်မြှင့်တင်ပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်မှုအနေဖြင့် အောက်ပါအတိုင်း ပြုပြင် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည် -
(ဃ) သွင်းအားစုများ ပံ့ပိုးခြင်း
သမဝါယမအသင်းသားတောင်သူများသို့ စိုက်ပျိုးရေးလုပ်ငန်းအတွက် အသင်းသား များလိုအပ်သော သွင်းအားစုများကို မြို့နယ်အသင်းစု၊ အသင်းစုချုပ်များ၏ ပံ့ပိုးချေး ငွေဖြင့် (၆)လ (၁)ကြိမ် အရင်းအတိုးဆပ်စနစ်ဖြင့် အောက်ပါအတိုင်း ဖြန့်ဖြူးရောင်း ချပေးနိုင်ခဲ့ပါသည် -
( င) မျိုးစေ့ထုတ်သမဝါယမအသင်းများ
မျိုးစေ့ထုတ်သမဝါယမအသင်းများသည် အောက်ပါအတိုင်း မျိုးစေ့ထုတ်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည် -
မွေးမြူရေးကုန်ထုတ်သမဝါယမအသင်းများအနက် တိုင်းဒေသကြီး/ပြည်နယ် (၁၁)ခု၊ မြို့နယ်(၁၆)မြို့နယ်တွင် သမဝါယမအသင်း(၂၃)သင်းမှ အသင်းပိုင် မွေးမြူရေး ကန်/အင်း(၃၅၈)ကန်၊ ကန်/အင်း အကျယ်ဧက(၁၈၃၁.၃၈)ဧက တွင် ငါးအမျိုးမျိုးအား အောက်ပါအတိုင်း မွေးမြူဆောင်ရွက်လျက်ရှိပါသည် -
ထို့ပြင် မွေးမြူရေးသမဝါယမအသင်းများမှ ကြက်၊ ဝက်၊ ဘဲ၊ ဆိတ်၊ နွား စသည့် တိရစ္ဆာန်ကောင်ရေ(၂၇၉၇၉၀)ကောင်ကို မွေးမြူလျက်ရှိပြီး မွေးမြူရေးကုန်ကျ စရိတ်များကို အသင်းသားများ၏ အစု၊ စုဆောင်းများအပါအဝင် အသင်းပိုင်/ အသင်းအချင်းချင်း ပံ့ပိုးငွေဖြင့် အောက်ပါအတိုင်း လုပ်ငန်းဆောင်ရွက်လျက်ရှိ ပါသည် -
(က) စက်မှုကုန်ထုတ်သမဝါယမအသင်း
စက်မှုလက်မှုလုပ်ငန်းဆောင်ရွက်နေသော သမဝါယမအသင်းများမှ စက်မှု လက်မှု လုပ်ငန်းငယ်များ ရင်းနှီးငွေများရရှိစေရန်ရည်ရွယ်၍ ငွေစုငွေချေး လုပ်ငန်းဆောင်ရွက်ပြီး (၃၁-၃-၂၀၂၄)ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်မှု အခြေအနေမှာ အောက်ပါ အတိုင်းဖြစ်ပါသည်-
စက်မှုလက်မှုကုန်ထုတ် သမဝါယမအသင်းပိုင် စက်ရုံ/အလုပ်ရုံ(၃၇)ရုံးမှ ဆန်စက်လုပ်ငန်း၊ ဆီစက်လုပ်ငန်း၊ ပဲခွဲစက်လုပ်ငန်း၊ ရက်ကန်းစက်လုပ်ငန်း၊ အထည်ချုပ်စက်လုပ်ငန်း၊ ရေခဲစက်လုပ်ငန်း၊ စက်ပြင်စက်လုပ်ငန်း၊ စက်ပို ပစ္စည်းစက်လုပ်ငန်း၊ သစ်စက်လုပ်ငန်း၊ သကြားစက်လုပ်ငန်း၊ ပလပ်စတစ် စက်လုပ်ငန်း၊ သံရည်ကျိုစက်လုပ်ငန်း၊ လျှပ်စစ်စက်လုပ်ငန်း၊ မီးခံအုတ်စက် လုပ်ငန်း၊ ဆပ်ပြာစက်လုပ်ငန်း၊ ကျောက်ပြားစက်လုပ်ငန်း၊ ဆေးဝါးစက် လုပ်ငန်း၊ ငါးအအေးခန်းစက်လုပ်ငန်း၊ ကျောက်မျက်စက်လုပ်ငန်း) စသည် တို့ကို လုပ်ကိုင်လျက်ရှိပြီး ထွက်ရှိလာသည့်ပစ္စည်းများကို တိုင်းဒေသကြီး/ ပြည်နယ်အတွင်းရှိ အသင်းသားပြည်သူများအား ရောင်းချပြီး (၃၁-၃-၂၀၂၄) ရက်နေ့အထိ စက်မှုလက်မှုလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မနောဧရာရက်ကန်းကုန်ထုတ်သမဝါယမအသင်း
စက်မှုလက်မှုကုန်ထုတ်သမဝါယမအသင်းများအနေဖြင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက် စေရန်နှင့် မိသားစုစားဝတ်နေရေးအတွက် တစ်နိုင်တစ်ပိုင် အိမ်တွင်းမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင်မိမိတို့မြို့နယ်အတွင်းရှိကုန်ကြမ်းများရရှိမှုနှင့် ငွေကြေးအရင်းအနှီး ပေါ်မူတည်၍ ဝါးခမောက်လုပ်ငန်း၊ ယက်ကန်းလုပ်ငန်း၊ ဂျုံရိုးဦးထုပ်လုပ်ငန်း၊ ဝါးကုန် ထုတ်လုပ်ငန်း၊ပလက်စတစ်ကြိုးဖြင့်ပြုလုပ်သည့် ခြင်းတောင်းလုပ်ငန်း၊ တံမြက်စည်း လုပ်ငန်း၊ ထန်းဖြင့်ပြုလုပ်သည့်လုပ်ငန်း၊ သင်ဖျာလုပ်ငန်း၊ အိုးကုန်ထုတ်လုပ်ငန်း၊ ပန်းပဲလုပ်ငန်း၊ မုန့်လုပ်ငန်း၊ အိုးစည်လုပ်ငန်းနှင့် ယွန်းထည်လုပ်ငန်းများ ဆောင်ရွက် နေသည့် သမဝါယမအသင်းများရှိ အလုပ်သမား အသင်းသားများ၏ လူမှုစီးပွားရေး လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်ရည်ရွယ်၍ လုပ်ငန်းဆောင်ရွက်လျက်ရှိရာ (၃၁-၃-၂၀၂၄)ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်မှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
နေပြည်တော်၊ပျဉ်းမနားမြို့နယ်၊သနပ္ပင်ဆိပ်(နောက်)ကျေးရွာ၊ ကျောက်စိမ်းဝေစိုက်ပျိုးထုတ်လုပ် ရေးသမဝါယမအသင်း၏ ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု (One Village One Product- OVOP) လုပ်ငန်းမှ တံမြက်စည်း ထုတ်လုပ်မှု မှတ်တမ်းဓါတ်ပုံများ
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။