Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(ဂ)ကျေးလက်လူမှုစီးပွားဘဝဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းစဉ်

(၁) ကျေးလက်နေပြည်သူများ၏ လုပ်ငန်းစွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စွမ်းဆောင်မြှင့်တင်ရေးသင်တန်းများနှင့် အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ် ပို့ချပေးမည်၊
(၂) ကျေးလက်ဖွံ့ဖြိုးရေးစီမံကိန်းများ ဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေး၊ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးမှု လျော့နည်းစေရေး တို့အတွက် အစီအမံများထည့်သွင်းရေးဆွဲ ဆောင်ရွက်သွားမည်၊
(၃) ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပညာရေး၊ ကျန်းမာရေးအပြင် ကျား - မ တန်းတူညီမျှမှုရှိရေးတို့ကို ဦးစားပေးထည့်သွင်းဆောင်ရွက်သွားမည်၊
(၄) ကာကွယ်တုံ့ပြန်နိုင်စွမ်းအားကောင်းသည့် ကျေးလက်လူမှုအဖွဲ့အစည်းများ ဖြစ်ပေါ်လာ စေရေးကူညီဆောင်ရွက်သွားမည်။
ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm