Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရည်ရွယ်ချက်

မြန်မာ့ရိုးရာပန်း(၁၀)မျိုးလက်မှုအနုပညာ နှင့် အသေးစားစက်မှုလက်မှုထုတ်ကုန်ပစ္စည်း ပြပွဲ၊ ဈေးရောင်းပွဲကို အောက်ပါရည်ရွယ်ချက်များနှင့် ကျင်းပပေးလျက်ရှိပါသည်-

(က)    နိုင်ငံ၏စီးပွားရေးအင်အားတစ်ရပ်ဖြစ်သော အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊

( ခ)    အသေးစားစက်မှုလက်မှုလုပ်ငန်းများ အချင်းချင်းဖြင့်လည်းကောင်း၊ အငယ်စား၊ အလတ်စား၊အကြီးစားလုပ်ငန်းများနှင့်လည်းကောင်း ချိတ်ဆက်ဆောင်ရွက်နိုင်ရန်၊

( ဂ)    အသေးစားစက်မှုလက်မှုထုတ်ကုန်များ ပြည်တွင်းပြည်ပဈေးကွက်ပိုမိုရရှိစေရန်၊

(ဃ)    နည်းပညာနှင့် ငွေကြေးအရင်းအနှီးပိုမိုရရှိရေး အထောက်အကူဖြစ်လာစေရန်၊

( င)    မြန်မာရိုးရာလက်မှုအနုပညာလုပ်ငန်းများ တိမ်ကောပပျောက်မှုမရှိစေရန်နှင့် ထိန်းသိမ်းမြှင့်တင်နိုင်ရန်၊

( စ)    အသေးစားလုပ်ငန်းများနှင့် ထုတ်ကုန်များအား ပြည်သူများနှင့် နိုင်ငံတော်မှ ပိုမို သိရှိရန်နှင့် အားပေးဆောင်ရွက်လာစေရန်၊

(ဆ)    စံချိန်စံညွှန်းမီ ထုတ်ကုန်များနှင့် အမယ်သစ်များ၊ လုပ်ငန်းသစ်များ ပေါ်ထွက်လာ စေရန်။

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm