Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမိုင်းကြောင်း

နောက်ခံသမိုင်းအကျဉ်းချုပ်

          ၁၉၁၄ခုနှစ်တွင် အထက်မြန်မာပြည် တရားရေးမင်းကြီး Mr. LH. Saunders သည် အင်္ဂလန်နိုင်ငံမှ လွန်းပျံလက်ခတ်ကိုယူဆောင်ကာ မြန်မာ့ရိုးရာလက်ရက်ကန်းစင်ပေါ်တင်၍ အမရပူရမြို့ နယ်ရှိ ရက်ကန်းလုပ်ငန်းရှင်များကို ရက်ခတ်ပြသပေးခဲ့ပါသည်။ အနံကြီးရက်လုပ်နိုင်ခြင်း၊ ပိုမိုလျှင်မြန်ခြင်း၊ လွန်းကိုလက်ဖြင့်မထိုးရဘဲ အလိုအလျောက်သွားခြင်းတို့ကြောင့် ရက်ကန်းလုပ်ကိုင်သူတို့မှ ကြိုက်နှစ်သက်ကြသဖြင့် ၎င်းတို့၏တင်ပြချက်အရ သင်တန်းများပေးရာမှ ရက်ကန်းသင်တန်းကျောင်းပေါ် ပေါက်ခဲ့ပါသည်။ ထိုတရားရေးမင်းကြီး Mr. LH. Saunders ကို ဂုဏ်ပြုသောအားဖြင့် ဤ ရက်ကန်းကျောင်းကို ဆောင်းဒါးရက်ကန်းကျောင်းဟု အမည်ပေးထားခြင်းဖြစ်ပါသည်။ ဆောင်းဒါး ရက်ကန်းကျောင်းနှင့်အတူ “လွန်းပျံအစဆောင်းဒါးက” ဟူသောဆိုရိုးရက်ကန်းလောကတွင်ပေါ်လာခဲ့ပါသည်။

          ၁၉၅၂ - ၁၉၅၃ ခုနှစ်တွင် ဂျပန်နိုင်ငံလုပ် (Harada, Hirano, Suzuki) စက်ရက်ကန်းစင် များတပ်ဆင်၍ စက်ရက်ကန်းသင်တန်းများ ဖွင့်လှစ်ခဲ့ပါသည်။ လက်ရက်ကန်းအဆင့်မှ စက်ရက်ကန်းအဆင့်သို့ တိုးမြှင့်တက်လှမ်းနိုင်ခဲ့ပြီး စက်ရက်ကန်းပညာ ပြန့်ပွားပေးနိုင်ခဲ့ပါသည်။

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm