Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(ဋ) လူထုဗဟိုပြုစီမံကိန်း

လူထုဗဟိုပြု Community Driven Developmentချဉ်းကပ်မှုနည်းလမ်းဖြင့်၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ နှစ်စတွင် မြို့နယ်(၇)မြို့နယ်၊ ကျေးရွာအုပ်စု(၁၈၂)အုပ်စုအတွက် ကမ္ဘာ့ဘဏ်ချေးငွေ ခေါင်းစဉ်မှ ဆောင်ရွက်ရန်လျာထားခဲ့ပြီး ကျေးရွာအုပ်စုများသို့ ထောက်ပံ့ရန်ပုံငွေလွှဲပို့ရန်အတွက် ကမ္ဘာ့ဘဏ်သို့ NOL တောင်းခံခဲ့ရာ ဆောင်ရွက်ဆဲလုပ်ငန်းများအတွက်သာ စီမံကိန်းကာလအား (၁)နှစ် သက်တမ်းတိုးခဲ့ပါသည်။ သို့ပါ၍ ကမ္ဘာ့ဘဏ်ချေးငွေခေါင်းစဉ်မှ လျာထားခဲ့သော ထောက်ပံ့ရန်ပုံငွေ ကျပ်(၄.၃)ဘီလီယံအား ပြန်လည်အပ်နှံခဲ့ပြီးဖြစ်ပါသည်။ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်၊ အောက်တိုဘာလမှ စတင်၍ နိုင်ငံတော်ထောက်ပံ့ငွေဖြင့် မြို့နယ်(၆)မြို့နယ်၊ ကျေးရွာအုပ်စု (၅၈)အုပ်စုအား လမ်းတံတား၊ စာသင်ကျောင်း၊ ကျေးရွာခန်းမ၊ ရေပေးရေး၊ မီးလင်းရေးနှင့်အခြားစသည့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများအား အသစ်ထပ်မံလျာထားခဲ့ပါသည်။ မြို့နယ်(၆)မြို့နယ်ရှိ ကျေးရွာအုပ်စု(၅၈) အုပ်စု၊ ကျေးရွာ(၁၇၇)ရွာသို့ ထောက်ပံ့ရန်ပုံငွေများ လွှဲပို့ခဲ့ပြီးဖြစ်၍ လုပ်ငန်းစုစုပေါင်း (၁၇၈)ခုအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အစီရင်ခံသည့်ကာလတွင် လုပ်ငန်းအားလုံး (၁၀၀ %) ဆောင်ရွက်ပြီးဖြစ်ပါသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ဆောင်ရွက်ဆဲလုပ်ငန်းစီမံကိန်းမှ လုပ်ငန်းစုစုပေါင်း (၃၄၄) ခု လျာထား ဆောင်ရွက်ခဲ့ရာ လုပ်ငန်းအားလုံး(၁၀၀%) ဆောင်ရွက်ပြီးဖြစ်ပါသည်။

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm