Language : မြန်မာ | Eng
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(ဎ) လူထုဗဟိုပြုစီမံကိန်း

လူထုဗဟိုပြု Community Driven Development ချဉ်းကပ်မှု နည်းလမ်းဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ နှစ်စတွင် မြို့နယ် (၇) မြို့နယ်၊ ကျေးရွာအုပ်စု (၁၈၂) အုပ်စုအတွက် ကမ္ဘာ့ဘဏ်ချေးငွေခေါင်းစဉ်မှ ဆောင်ရွက်ရန် လျာထားခဲ့ပြီး ကျေးရွာအုပ်စုများသို့ ထောက်ပံ့ရန်ပုံငွေလွှဲပို့ရန်အတွက် ကမ္ဘာ့ဘဏ်သို့ NOL တောင်းခံခဲ့ရာ ဆောင်ရွက်ဆဲလုပ်ငန်းများအတွက်သာ စီမံကိန်းကာလအား (၁) နှစ်သက်တမ်း တိုးခဲ့ပါသည်။ သို့ပါ၍ ကမ္ဘာ့ဘဏ် ချေးငွေခေါင်းစဉ်မှ လျာထား ခဲ့သော ထောက်ပံ့ရန်ပုံငွေကျပ် (၄.၃)ဘီလီယံအား ပြန်လည်အပ်နှံခဲ့ပြီး ဖြစ်ပါသည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ အောက်တိုဘာလမှစတင်၍ နိုင်ငံတော်ထောက်ပံ့ငွေဖြင့် မြို့နယ် (၆)မြို့နယ်၊ ကျေးရွာ အုပ်စု (၅၉)အုပ်စုအား လမ်းတံတား၊ စာသင်ကျောင်း၊ ကျေးရွာခန်းမ၊ ရေပေးရေး၊ မီးလင်းရေးနှင့် အခြားစသည့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများအား အသစ်ထပ်မံ လျာထားခဲ့ပါသည်။ ကျေးရွာအုပ်စု (၅၉) အုပ်စုအား ထောက်ပံ့ရန်ပုံငွေပေးပို့ပြီးဖြစ်၍ လုပ်ငန်း (၁၇၉)ခုအား အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အစီရင်ခံသည့်ကာလတွင် ရွှေကျင် မြို့နယ်မှ နယ်မြေလုံခြုံရေးအခြေအနေအရ လုပ်ငန်း (၁)ခု ပြန်လည်အပ်နှံသဖြင့် လုပ်ငန်း (၁၇၈) ခုအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်း (၇၇) ခု၊ ဆောင်ရွက်ဆဲလုပ်ငန်း (၇၉)ခုနှင့် ဆောင်ရွက်ရန်ကျန်လုပ်ငန်း (၂၂) ခု ဖြစ်ပါသည်။

 ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ဆောင်ရွက်ဆဲလုပ်ငန်းစီမံကိန်းမှ လုပ်ငန်းစုစုပေါင်း (၃၄၄) ခု လျာထားဆောင်ရွက်ခဲ့ရာ လုပ်ငန်းအားလုံး (၁၀၀%) ဆောင်ရွက်ပြီး ဖြစ်ပါသည်။ 

ဆက်သွယ်ရန်

Dial these numbers and email in case of any emergency

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၉၅ - ၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm