Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(တ) သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များမှ လုပ်ငန်းဆောင်ရွက်မှု

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်/စစ်ကိုင်း)တွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ သင်တန်းနှစ်အသီးသီးအား ဖွင့်လှစ်သင်ကြားလျက်ရှိပြီး သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)တွင် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၀၇၀) ဦးနှင့်သမဝါယမနှင့် စီမံခန့်ခွဲမှု ပညာတက္ကသိုလ် (စစ်ကိုင်း)တွင် ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၈၈၆) ဦး တက်ရောက် သင်ကြားလျက်ရှိပါသည်။

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့်ပြည်သူများ၏လူမှုစီးပွားဘဝမြင့်မားတိုးတက်စေရေးအတွက် သမဝါယမအသင်းများ၏ကုန်ထုတ်လုပ်မှု၊ဝန်ဆောင်မှုနှင့်ကုန်သွယ်မှုတို့ကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပေးခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်နှင့် တစ်ပိုင် တစ်နိုင်အသေးစားစီးပွားရေးလုပ်ငန်းများ ထူထောင်နိုင်ရေးအတွက် အသက်မွေးဝမ်းကျောင်းသင်တန်း များနှင့်နည်းပညာသင်တန်းများဖွင့်လှစ်ပေးခြင်း၊ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက်အခြေခံအဆောက်အအုံများတည်ဆောက်ပေးခြင်းတို့ကိုကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်းတင်ပြအပ်ပါသည်။

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm