Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(တ) သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များမှ လုပ်ငန်းဆောင်ရွက်မှု

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်/စစ်ကိုင်း) တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ သင်တန်းနှစ်အသီးသီးအား ၁၅-၁၂-၂၀၂၂ ရက်နေ့နှင့် ၂၁-၁၂-၂၀၂၂ ရက်များတွင် စတင်ဖွင့်လှစ် သင်ကြားလျက်ရှိပြီး သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) တွင် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၃၅၇) ဦးနှင့် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) တွင် ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၈၂၀) ဦး တက်ရောက်သင်ကြားလျက်ရှိပါသည်။

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ၉-၁၂-၂၀၂၂ ရက်နေ့တွင်လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်းကျင်းပသည့် “လူငယ်စကားဝိုင်း” ဆွေးနွေးပွဲနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲကို ၂၀-၁၂-၂၀၂၂ ရက်နေ့တွင်လည်းကောင်းကျင်းပပြုလုပ်ခဲ့ပါသည်။

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm