Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(ဆ) ကျေးလက်မီးလင်းရေးလုပ်ငန်း

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ (လဘတ်ဂျက်ဖြင့် ဆောင်ရွက်ခဲ့သော မီးလင်းရေးလုပ်ငန်းများတွင် တစ်အိမ်သုံးဆိုလာစနစ် မီးလင်းရေးလုပ်ငန်း (၅၅၇၅) ခုကို ဆောင်ရွက်ရန် လျာထားခဲ့သော်လည်း တင်ဒါအောင်မြင်သော ကုမ္ပဏီများမှ ဆိုလာနှင့်ဆက်စပ်ပစ္စည်းများထုတ်လုပ်ရန် ပစ္စည်းများအား ပင်လယ်ရေကြောင်းမှတင်သွင်းနိုင်ရေး သွင်းကုန်လိုင်စင်ခွင့်ပြုချက်နှင့် နိုင်ငံခြားငွေဝယ်ယူခွင့်အား တင်ပြတောင်းခံခဲ့ရာ ခွင့်ပြုချက်မရရှိခဲ့သောကြောင့် ကုမ္ပဏီမှလုပ်ငန်းများ ဆက်လက် မဆောင်ရွက် နိုင်သဖြင့်ဝန်ကြီးဌာန၏စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးဆုံးဖြတ်ချက်ဖြင့်စာချုပ်ဖျက်သိမ်းခဲ့ပါသည်။ အဆိုပါလုပ်ငန်းအစား ကျေးရွာ (၉၁၈) ရွာ၊ အိမ်ခြေ (၄၃၇၂၈) အိမ်အတွက် ဆောင်ရွက်ရန်ပြောင်းလဲ လျာထားခဲ့ရာ အစီရင်ခံသည့်ကာလတွင်တင်ဒါခေါ်ယူပြီး နည်းပညာအဆိုပြုလွှာ ဖွင့်ဖောက်စစ်ဆေး ဆောင်ရွက်လျက်ရှိပါသည်။ အသေးစားဓါတ်အားပေးစနစ်လုပ်ငန်း (၄၈၂) ခုမှာ(၈၆%) ဆောင်ရွက်ပြီး ဖြစ်ပါသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အသေးစားဓါတ်အားပေးစနစ်လုပ်ငန်းများကို ပြည်ထောင်စု ရန်ပုံငွေဖြင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ ကျေးရွာ(၈)ရွာ၊အကျိုးပြုအိမ်ခြေ (၁၂၁၅) အိမ်အတွက် မီးလင်းရေးလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ (၄၉.၆ %) ဆောင်ရွက်ပြီး ဖြစ်ပါသည်။

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm