Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(ဋ) လူထုဗဟိုပြုစီမံကိန်း

လူထုဗဟိုပြု Community Driven Development ချဉ်းကပ်မှုနည်းလမ်းဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ နှစ်စတွင် မြို့နယ် (၇) မြို့နယ်၊ ကျေးရွာအုပ်စု (၁၈၂) အုပ်စုအတွက် ကမ္ဘာ့ဘဏ်ချေးငွေ ခေါင်းစဉ်မှ ဆောင်ရွက်ရန်လျာထားခဲ့ပြီး ကျေးရွာအုပ်စုများသို့ ထောက်ပံ့ရန်ပုံငွေလွှဲပို့ရန်အတွက် ကမ္ဘာ့ဘဏ်သို့ NOL တောင်းခံခဲ့ရာ ဆောင်ရွက်ဆဲလုပ်ငန်းများအတွက်သာစီမံကိန်းကာလအား(၁)နှစ် သက်တမ်း တိုးခဲ့ပါသည်။ သို့ပါ၍ ကမ္ဘာ့ဘဏ် ချေးငွေခေါင်းစဉ်မှ လျာထားခဲ့သော ထောက်ပံ့ရန်ပုံငွေ ကျပ်(၄.၃) ဘီလီယံအား ပြန်လည်အပ်နှံခဲ့ပြီးဖြစ်ပါသည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ အောက်တိုဘာလမှ စတင်၍ နိုင်ငံတော်ထောက်ပံ့ငွေဖြင့် မြို့နယ် (၆) မြို့နယ်၊ ကျေးရွာအုပ်စု (၅၉) အုပ်စုအား လမ်းတံတား၊ စာသင်ကျောင်း၊ ကျေးရွာခန်းမ၊ ရေပေးရေး၊ မီးလင်းရေးနှင့် အခြားစသည့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများအား အသစ်ထပ်မံလျာထားခဲ့ပါသည်။ အစီရင်ခံသည့်ကာလတွင် ကျေးရွာအုပ်စု (၃၄)အုပ်စုအားထောက်ပံ့ရန်ပုံငွေပေးပို့ပြီးဖြစ်၍ လုပ်ငန်း (၁၀၉) ခုအား စတင်ဆောင်ရွက်လျက်ရှိပါသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ဆောင်ရွက်ဆဲလုပ်ငန်းစီမံကိန်းမှ လုပ်ငန်းစုစုပေါင်း (၃၄၄) ခုတွင် အစီရင်ခံသည့် ကာလထိဆောင်ရွက်ပြီးလုပ်ငန်း (၃၄၃) ခု၊ ဆောင်ရွက်ဆဲလုပ်ငန်း (၁) ခု ဖြစ်ပါသည်။

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm