Language : မြန်မာ | Eng
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(ဆ) ကျေးလက်မီးလင်းရေးလုပ်ငန်း

၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ်၊ (လဘတ်ဂျက်ဖြင့် ဆောင်ရွက်ခဲ့သော မီးလင်းရေးလုပ်ငန်းများတွင် တစ်အိမ်သုံးဆိုလာစနစ် မီးလင်းရေးလုပ်ငန်း (၅၅၇၅) ခုကို ဆောင်ရွက်ရန် လျာထားခဲ့သော် လည်း တင်ဒါအောင်မြင်သောကုမ္ပဏီများမှ ဆိုလာနှင့်ဆက်စပ်ပစ္စည်းများ ထုတ်လုပ်ရန် ပစ္စည်း များအား ပင်လယ်ရေကြောင်းမှ တင်သွင်းနိုင်ရေး သွင်းကုန်လိုင်စင်ခွင့်ပြုချက်နှင့် နိုင်ငံခြားငွေဝယ်ယူခွင့်အား တင်ပြတောင်းခံခဲ့ရာ ခွင့်ပြုချက်မရရှိခဲ့သောကြောင့် ကုမ္ပဏီမှလုပ်ငန်းများ ဆက်လက်မဆောင်ရွက်နိုင်သဖြင့် ဝန်ကြီးဌာန၏စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးဆုံးဖြတ် ချက်ဖြင့် စာချုပ်ဖျက်သိမ်းခဲ့ပါသည်။ အဆိုပါလုပ်ငန်းအစား ကျေးရွာ (၉၁၈) ရွာ၊ အိမ်ခြေ (၄၃၇၂၈) အိမ်အတွက် ဆောင်ရွက်ရန် ပြောင်းလဲလျာထားခဲ့ပြီး တင်ဒါခေါ်ယူ ဆောင်ရွက်လျက်ရှိပါသည်။ အသေးစားဓါတ်အားပေးစနစ် လုပ်ငန်း (၄၈၂) ခုမှာ (၈၆%) ဆောင်ရွက်ပြီးဖြစ်ပါသည်။၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အသေးစားဓါတ်အားပေးစနစ်လုပ်ငန်းများကို ပြည်ထောင်စု ရန်ပုံငွေဖြင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ ကျေးရွာ (၈) ရွာ၊ အကျိုးပြုအိမ်ခြေ (၁၂၁၅) အိမ်အတွက် မီးလင်းရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ (၁၈ %) ဆောင်ရွက်ပြီးဖြစ်ပါသည်။

ဆက်သွယ်ရန်

Dial these numbers and email in case of any emergency

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၉၅ - ၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm