Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(တ) သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များမှ လုပ်ငန်းဆောင်ရွက်မှု

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)မှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် သင်တန်းနှစ် အသီးသီးအား ၁၇-၈-၂၀၂၂ ရက်နေ့မှ ၂၅-၈-၂၀၂၂ ရက်နေ့ထိ စာမေးပွဲစစ်ဆေး ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

အလားတူ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း) မှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တွင် သင်တန်းနှစ်အသီးသီးအား ၁၆-၈-၂၀၂၂ ရက်နေ့မှ ၂၄-၈-၂၀၂၂ ရက်နေ့ထိ စာမေးပွဲစစ်ဆေး ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)တွင်Introduction to Specialized Subjects & Special Talk on “ Paper Art Creation” Team-Based Project Experience Through UCMT-SISU ခေါင်းစဉ်ဖြင့် ဟောပြောပွဲကို ၂-၈-၂၀၂၂ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

 သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်/ စစ်ကိုင်း) တွင် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအား ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပထမနှစ်ဝင်ခွင့်ခေါ်ယူ နိုင်ရေးအတွက် နိုင်ငံပိုင်သတင်းစာများတွင်     ကြော်ငြာခြင်း၊ လျှောက်လွှာပုံစံများ ထုတ်ပေးခြင်းနှင့် ပြန်လည်လက်ခံခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm