Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

( ဍ ) မြစိမ်းရောင်ကျေးရွာစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မှု

မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီး/ ပြည်နယ်တို့တွင် စီမံကိန်းယူနစ် (၈၃) ယူနစ် အကောင်အထည်ဖော် ဆောင်ရွက်သွားရန်လျာထားသော်လည်း တိုင်းဒေသကြီး/ ပြည်နယ် (၁၃) ခုတွင် စီမံကိန်းယူနစ် (၃၇) ယူနစ် ထပ်တိုးဆောင်ရွက်ခြင်းကြောင့် စီမံကိန်းယူနစ် (၁၂၀) ယူနစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အစီရင်ခံသည့်ကာလတွင် တိုင်းဒေသကြီး/ပြည်နယ်(၁၅)ခု၊ မြို့နယ် (၆၈) မြို့နယ်ရှိ စီမံကိန်းကျေးရွာယူနစ် (၁၂၀) ယူနစ်၊ အကျိုးပြု ကျေးရွာ (၁၂၅) ရွာအား ရွေးချယ်အတည်ပြုပြီးဖြစ်၍ ကျေးရွာများတွင် စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်း၊ ကျေးရွာကော်မတီဖွဲ့စည်းခြင်း၊ သင်တန်းပို့ချခြင်း၊ ကျေးရွာစာရင်းရှင်ဖွင့်လှစ်ခြင်း၊ ရန်ပုံငွေလွှဲပြောင်း ခြင်းနှင့် ချေးငွေထုတ်ချေးခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm