Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

( ဌ ) ကျေးရွာဖွံ့ဖြိုးရေးစီမံချက်ရေးဆွဲခြင်းစီမံကိန်း

ကျေးရွာဖွံ့ဖြိုးရေးစီမံချက် ရေးဆွဲခြင်းစီမံကိန်းကို နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး/ ပြည်နယ် (၁၆) ခုရှိမြို့နယ် (၂၃၄) မြို့နယ်တွင် ကျေးရွာပေါင်း (၁၅၄၁)ရွာ၌ စီမံချက်ရေးဆွဲသွားမည်ဖြစ်ပြီး၊  Annual Village Investment Programme (AVIP) ရင်းနှီးမြှုပ်နှံမှုအစီအစဉ်အရကျေးရွာ (၁)ရွာလျှင် ငွေကျပ်(၁၀)သန်းဖြင့် ကျေးရွာ (၃၀၂၉) ရွာတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်လျာထားသော်လည်း စစ်ကိုင်းတိုင်းဒေသကြီးမှ ဝက်လက်မြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး မှ ကျောက်ကြီးမြို့နယ်တို့သည် စီမံကိန်းဆောင်ရွက်နိုင်ခြင်းမရှိသည့်အတွက် (၂) မြို့နယ် လျော့နည်းခြင်းကြောင့် လျာထားမြို့နယ် (၂၃၂) မြို့နယ်တွင် လုပ်ငန်းပေါင်း (၂၂၄၀) ခု ဆောင်ရွက်လျက်ရှိရာ အစီရင်ခံသည့်ကာလထိ ဆောင်ရွက်ပြီးလုပ်ငန်း (၇၁) ခု၊ ဆောင်ရွက်ဆဲလုပ်ငန်း (၁၁၀၈) ခုနှင့် ဆောင်ရွက်ရန်ကျန်လုပ်ငန်း (၁၀၆၁) ခုဖြစ်ပါသည်။

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm