Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(ဌ) မြစိမ်းရောင်ကျေးရွာစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မှု

မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်၊တိုင်းဒေသကြီး/ ပြည်နယ်တို့တွင် စီမံကိန်းယူနစ် (၈၀)ယူနစ် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လျာထားသော်လည်း ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)မှ လုပ်ငန်းအမျိုးအစား ပြောင်းလဲဆောင်ရွက် သည့်အတွက် ကျေးရွာယူနစ် (၃)ယူနစ်တိုးလာခြင်းကြောင့် စီမံကိန်းယူနစ် (၈၃)ယူနစ်တွင် အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ပါသည်။ အစီရင်ခံသည့်ကာလတွင် စီမံကိန်း ယူနစ်(၇၈)ယူနစ်၊ အကျိုးပြုကျေးရွာ (၈၃)ရွာ ရွေးချယ်အတည်ပြုပြီးဖြစ်၍ ကျေးရွာများတွင် စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်း၊ ကျေးရွာကော်မတီဖွဲ့စည်းခြင်း၊ သင်တန်းပို့ချခြင်း၊ ကျေးရွာ စာရင်းရှင်ဖွင့်လှစ်ခြင်း၊ ရန်ပုံငွေလွှဲပြောင်းခြင်းနှင့် ချေးငွေထုတ်ချေးခြင်း လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိပါသည်။

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm