Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(ဍ) ကျေးရွာဖွံ့ဖြိုးရေးစီမံချက်ရေးဆွဲခြင်းစီမံကိန်း

ကျေးလက်ပြည်သူများကိုယ်တိုင်ကျေးရွာ၏ ပကတိအခြေအနေများကို ဖော်ထုတ်ပြီးစီမံချက်များ ရေးဆွဲ၍ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်များရှိမြို့နယ် (၂၄၀)မြို့နယ်တွင် ကျေးရွာပေါင်း (၁၅၄၁) ရွာ၌ စီမံချက်ရေးဆွဲသွားမည်ဖြစ်ပြီး Annual Village Investment Programme (AVIP) ရင်းနှီးမြှုပ်နှံမှုအစီအစဉ်အရကျေးရွာ (၁) ရွာလျှင်ငွေကျပ် (၁၀)သန်းနှုန်းဖြင့် ကျေးရွာ(၃၀၂၉)ရွာတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများအားအကောင်အထည်ဖော်ဆောင်ရွက်သွားရန် လျာထားသည့်အနက် မြေပြင်အခြေအနေများကြောင့် မူလလျာထားသည့် မြို့နယ် (၂၄၀)မြို့နယ်ရှိကချင်ပြည်နယ်မှ တနိုင်းမြို့နယ်၊ ကရင်ပြည်နယ်မှ မြဝတီမြို့နယ်၊ ချင်းပြည်နယ်မှ မင်းတပ်မြို့နယ်၊ ဟားခါး မြို့နယ်၊ ကန်ပက်လက်မြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးမှ မြင်းမူမြို့နယ်တို့တွင် နယ်မြေ အခြေအနေကြောင့်စီမံကိန်းများဆောင်ရွက်နိုင်ခြင်းမရှိသည့်အတွက် စီမံကိန်းမြို့နယ်(၆)မြို့နယ် လျော့နည်းသွားသဖြင့် မြို့နယ်(၂၃၄)မြို့နယ်တွင်စီမံချက်ရေးဆွဲဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းအတွက် ကျေးရွာပေါင်း(၂၃၈၆)ရွာ အတည်ပြုပြီးဖြစ်ပြီး ကျန်ကျေးရွာများအား အတည်ပြုနိုင်ရေး ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm