ကျေးလက်ပြည်သူများကိုယ်တိုင်ကျေးရွာ၏ ပကတိအခြေအနေများကို ဖော်ထုတ်ပြီး စီမံချက်များ ရေးဆွဲ၍ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့နယ် (၂၄၀)မြို့နယ်တွင် ကျေးရွာပေါင်း (၁၅၄၁)ရွာ၌ စီမံချက်ရေးဆွဲသွားမည်ဖြစ်ပြီး Annual Village Investment Programme (AVIP) ရင်းနှီးမြှုပ်နှံမှုအစီအစဉ်အရကျေးရွာ (၁) ရွာလျှင်ငွေကျပ် (၁၀)သန်း နှုန်းဖြင့် ကျေးရွာ(၃၀၂၉)ရွာတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လျာထားပါသည်။ အစီရင်ခံသည့်ကာလတွင် ကျေးရွာများအား သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ ရွေးချယ်နိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။