ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တို့မှ အသက်မွေးဝမ်းကျောင်းသင်တန်းများနှင့် နည်းပညာသင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် သင်တန်းအမျိုးအစား (၁၁)မျိုး၊ သင်တန်းအကြိမ်ရေ (၅၆)ကြိမ်၊ သင်တန်းသား (၁၀၆၆)ဦးတို့အား ဖွင့်လှစ်ပို့ချပေးနိုင်ခဲ့ပါသည်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ဧပြီလမှ ဇူလိုင်လကုန်ထိ သင်တန်းအမျိုးအစား (၁၅)မျိုး၊ သင်တန်းအကြိမ်ရေ (၂၃၉) ကြိမ်၊ သင်တန်းသား (၄၆၄၆) ဦးအား သင်တန်းများ ဖွင့်လှစ်ပို့ချပေးနိုင်ခဲ့ပြီး အဆိုပါသင်တန်းများမှ သင်တန်းဆင်းဦးရေ (၄၆၄၆)ဦးအနက် (၁၀၇၅)ဦးအား အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့ပါသည်။
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်