Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒေသခံအမျိုးသမီးများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်အတွက် အခြေခံစက်ချုပ်သင်တန်းဖွင့်လှစ်


26 Aug,2022

မြစ်ကြီးနား၊ ဩဂုတ် ၂၆

          ဒေသခံအမျိုးသမီးငယ်များအတွက် အသက်မွေးဝမ်းကျောင်းပညာများ သင်ကြားပေးခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ မိသားစုတစ်ပိုင်တစ်နိုင်လုပ်ငန်းငယ်လေးများ ထူထောင်နိုင်ပြီး မိသားစုဝင်ငွေများ တိုးပွားလာစေရန် ရည်ရွယ်၍ အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း၌ ဖွင့်လှစ်သည်။

          အခမ်းအနားသို့ ကချင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး၊ မြစ်ကြီးနားမြို့ရှိ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း ကျောင်းအုပ်၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်သင်တန်းသူများတက်ရောက်ကြပြီး     ကချင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးက အဖွင့်အမှာ စကားပြောကြားကာ သင်တန်းကျောင်း ကျောင်းအုပ် က သင်တန်းနှင့်ပတ်သက်သည်များကို ရှင်းလင်းပြောကြားသည်။

          ယခု ဖွင့်လှစ်သောသင်တန်းတွင် အခြေခံစက်ချုပ်နည်းပညာသင်ရိုးညွှန်းတမ်းပါ ဘာသာရပ် (၁၀)မျိုးကို သင်တန်းနည်းပြများက ဩဂုတ်လ ၂၆ ရက်နေ့မှ စက်တင်ဘာလ ၂၉ ရက်နေ့အထိ သင်တန်းသူ (၂၀)အား ရက်သတ္တပတ် (၄)ပတ်ကြာ စာတွေ့ လက်တွေ့ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်းသိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm