Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဖက်ရှင်ဒီဇိုင်းပညာ ဆရာ၊ ဆရာမများ မွမ်းမံသင်တန်း(ToT)ဖွင့်လှစ်


25 Aug,2022

အမရပူရ၊ ဩဂုတ် ၂၅

          အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဆောင်းဒါးရက်ကန်းနှင့်အသက်မွေးပညာသိပ္ပံ၌ ပထမအကြိမ်ဖွင့်လှစ်သည့် ဖက်ရှင်ဒီဇိုင်းပညာ ဆရာ၊ ဆရာမများ မွမ်းမံသင်တန်း(ToT)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီတွင် ဆောင်းဒါးရက်ကန်းနှင့်အသက်မွေးပညာသိပ္ပံ၊ သင်တန်းခန်းမ၌ကျင်းပရာ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ)၊ ဆောင်းဒါးရက်ကန်းနှင့်အသက်မွေးပညာသိပ္ပံ(အမရပူရ)မှ ကျောင်းအုပ်ကြီး၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရက်ကန်းလုပ်ငန်းရှင်များ၊ သင်တန်းနည်းပြ နှင့် သင်တန်းတက်ရောက်သော ဆရာမများ တက်ရောက်ကြသည်။

          ဦးစွာ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ)က အမှာစကားပြောကြားရာတွင် ရက်ကန်းပညာနှင့် ဖက်ရှင်ပညာပေါင်းစပ်ပါက ပိုမိုအောင်မြင်မည်ဟု ယုံကြည်သဖြင့် ယခုလို ဖက်ရှင်ဒီဇိုင်း သင်တန်းအားဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ဖက်ရှင်ပညာရပ်သည် ပြည်ပနိုင်ငံများ၌ နိုင်ငံတော်အဆင့် အောင်လက်မှတ်ပေးအပ်နိုင်သော်လည်း မိမိတို့နိုင်ငံမှာမရှိသေးသည့်အတွက် NSSA လက်မှတ်ကဲ့သို့ နိုင်ငံတော်အဆင့် အောင်လက်မှတ်များ ပေးအပ်နိုင်သည်အထိ အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သို့မှသာ ဆောင်းဒါးသိပ္ပံအပါအဝင် ရက်ကန်းကျောင်းများ၌ သင်တန်းသားရရှိရေးကို အထောက်အကူဖြစ်မည်ဖြစ်‌ကြောင်း၊ ယခု သင်တန်းသို့ တက်ရောက်ခွင့်ရရှိသော သင်တန်းသူများအနေဖြင့် အခြေခံစက်ချုပ်တတ်မြောက် သူများဖြစ်သဖြင့် ပိုမိုကျွမ်းကျင်အောင်ကြိုးစားရန်လိုကြောင်း၊ တန်ဖိုးကြီးသော ဒီဇိုင်းနာသင်တန်းကိုတက်ခွင့်ရသည့်အတွက် မိမိအကျိုး၊ ဌာနအကျိုး နိုင်ငံတော်အကျိုး ယခုထက်မက စွမ်းဆောင်ပံ့ပိုးနိုင်သူများဖြစ်အောင် ကြိုးစားရန်လိုကြောင်း ပြောကြား သည်။

          ဆက်လက်၍ သင်တန်းနည်းပြ ဒီဇိုင်နာ ဆရာရန်ပြေက သင်ကြားပို့ချမည့် ဘာသာရပ်များ ရှင်းလင်းပြောကြားပြီး သင်တန်းတာဝန်ခံမှ သင်တန်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။ ယခုသင်တန်းတွင် မြန်မာပွဲတက်ဝတ်စုံ၊ အနောက်တိုင်းပွဲတက်ဝတ်စုံနှင့် ချည်ထည်အမျိုးမျိုးဖြင့် Ready to wear ဝတ်စုံချုပ်နည်းများကို ဩဂုတ်လ ၂၅ ရက်နေ့မှ နိုဝင်ဘာဘာလ ၂၄ ရက်နေ့အထိ (၃)လကြာ စာတွေ့ လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm