Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လက်မှုလယ်ယာမှ စက်မှုလယ်ယာ သို့ ကူးပြောင်း လုပ်ကိုင် နိုင်ရန် ခေတ်မီ စက်ယန္တရား များကို တောင်သူများ လက်ဝယ် အရောက်ပေးအပ်နိုင်ရန် စီစဉ်ဆောင်ရွက်


22 Aug,2022

လက်မှုလယ်ယာမှ စက်မှုလယ်ယာ သို့ ကူးပြောင်း လုပ်ကိုင် နိုင်ရန် ခေတ်မီ စက်ယန္တရား များကို တောင်သူများ လက်ဝယ် အရောက်ပေးအပ်နိုင်ရန် စီစဉ်ဆောင်ရွက်
 
နေပြည်တော် သြဂုတ် ၂၀
 
သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါ ယမဦးစီးဌာနသည် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းနိုင်ရန် နိုင်ငံတော်ဘတ်ဂျက်နှင့် တိုင်းဒေသကြီး ဘတ်ဂျက်တို့မှ ခေတ်မီ စက်ယန္တရားများကို တောင်သူများ လက်ဝယ် အရောက်ပေးအပ်နိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့ရာ ၂ ဝ၂၂-၂ဝ၂၃ ဘဏ္ဍာနှစ်တွင် လက်တွန်းထွန်စက်နှင့် ထွန် စက်အမျိုးအစား ၁၀ မျိုးအတွက် စုစုပေါင်း ၁၁၉ စီး ခွင့် ပြုချက်ရရှိခဲ့ကြောင်း သိရသည် ။ 
 
နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး / ပြည်နယ် ကိုးခုရှိ စံပြကျေးရွာအဖြစ်အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကျေးရွာများရှိ သမဝါယမအသင်းမှ အသင်းသားများကို လယ်ယာမြေဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ခေတ်မီစက်ယန္တရားများကို ချိုသာသော ဈေးနှုန်းဖြင့် ရောင်းချပေးခြင်းဖြစ်သည် ။ 
 
“ ဘတ်ဂျက်က နှစ်ပိုင်းရှိတယ် ။ ပြည်ထောင်စုဘတ်ဂျက်နဲ့ တိုင်းဒေသကြီး / ပြည်နယ်ဘတ်ဂျက်ဖြစ်ပါတယ် ။ ပြည် ထောင်စုဘတ်ဂျက်ကနေ နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီး / ပြည်နယ် ကိုးခုရှိ စံပြ ကျေး ရွာများတွင် ခေတ်မီစက်ယန္တရားများကို တွင်ကျယ်စွာ သုံးစွဲနိုင်ရန်အတွက်လျာထားဆောင်ရွက်ခဲ့ရာမှာ စုစုပေါင်း ၇၅ စီးခွင့်ပြုချက်ရရှိခဲ့တယ် ။ တိုင်းဒေသကြီး / ပြည်နယ်အစိုး ရ ဘတ်ဂျက်ကနေ ကချင်ပြည်နယ် ၊ ရှမ်းပြည်နယ် ၊ ချင်း ပြည်နယ်နဲ့ ဧရာဝတီတိုင်းဒေသကြီးတို့မှာ စက်ယန္တရားများ တွင်ကျယ်စွာ သုံးစွဲနိုင်ရန်အတွက်လျာထား ဆောင်ရွက်ခဲ့ ရာမှာ ၄၄ ဦးခွင့်ပြုချက်ရရှိခဲ့ပြီး စုစုပေါင်း ၁၁၉ စီး ခွင့်ပြု ချက်ရရှိခဲ့ပါတယ် ” ဟု သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးအောင် ကပြောသည် ။ 
 
ထိုသို့ခွင့်ပြုချက်ရရှိထားသော စက်ယန္တရားများကိုနိုင်ငံ တော်က ၅၀ ရာခိုင်နှုန်း ကျခံမည်ဖြစ်ပြီး ကျန်သည့် ၅၀ ရာခိုင်နှုန်းကို စံပြကျေးရွာများရှိ သမဝါယမအသင်းသားများက လက်ငင်းစနစ် သို့မဟုတ် အရစ်ကျစနစ်တို့ဖြင့် ဝယ်ယူနိုင်ကာ အရစ်ကျဖြင့်ဝယ်ယူမည်ဆိုပါက မူလ ပစ္စည်းတန်ဖိုး၏ ၃၀ ရာခိုင်နှုန်းကို ဦးစွာပေးသွင်းရမည် ဖြစ်သည် ။ လက်ရှိအချိန်ထိ ၉၉ စီး ရောင်းချပြီး ဖြစ်သည် ။ 
 
တောင်သူများအနေဖြင့် စက်ယန္တရားများကို အပြင်က ဝယ် ယူမည်ဆိုပါက ဈေးနှုန်းကြီးမြင့်မှုများရှိကြောင်း ၊ ယခု သမဝါယမဦးစီးဌာနက ရောင်းချပေးသည့်စက်ယန္တရားများ သည် ကိုရီးယားအမျိုးအစားဖြစ်ကြောင်း ၊ တောင်သူများ အနေဖြင့် စက်ပစ္စည်း၏ တန်ဖိုးတစ်ဝက်ကို နိုင်ငံတော်က ကျခံပေးသည့်အတွက် ကျန်တစ်ဝက်ကိုသာ တောင်သူက ကျခံရသဖြင့် စက်ယန္တရားတစ်ခုကို အလွယ်တကူ ပိုင်ဆိုင် နိုင် မည်ဖြစ်ကြောင်း သိရသည် ။ 
 
ဇော်မျိုး ( နေပြည်တော် )

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm