Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရပ်စောက်မြို့နယ်သမဝါယမအသင်းစု(လီမိတက်)၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်ပွဲ ကျင်းပ


22 Aug,2022

ရပ်စောက် ၊ သြဂုတ် ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်သမဝါယမအသင်းစု(လီမိတက်)၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှ ၂၀၂၁-၂၀၂၂ Mini Budjet အထိ ဘဏ္ဍာနှစ်တို့အတွက် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်ပွဲကို ရပ်စောက်မြို့နယ်ရဿဝတီခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးပထမပိုင်းတွင် ရပ်စောက်မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌက သဘာပတိ အဖြစ် ဆောင်ရွက်ပြီး ဘဏ္ဍာရေးနှစ်များအလိုက် လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းခြင်း၊ နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းများ ဖတ်ကြားရှင်းလင်းခြင်း၊ အသင်းဝင်များ၏ အကြံပြုချက်များကို ရှင်းလင်းဆွေးနွေးခြင်း၊ လုပ်ငန်းအစီရင်ခံစာပါ ရှေ့လုပ်ငန်းစဉ်များ အတည်ပြုချက်ရယူခြင်းတို့ကို ဆောင်ရွက်ပြီး သက်တမ်းပြည့်အမှုဆောင်များက နုတ်ထွက်ခဲ့ကြသည်။

အစည်းအဝေးဒုတိယပိုင်းတွင် ပြည်နယ်အဆင့်ဖွဲ့စည်းရေးကော်မတီ ရှမ်းပြည်နယ်သမဝါယမ ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။ အမှုဆောင် သစ်ရွေးချယ်ရာတွင် အသင်းဝင်ကိုယ်စားလှယ်များ၏ ဆန္ဒသဘောထားအရ ရွေးချယ်ခဲ့ပြီး အမှုဆောင်သစ်များကို တာဝန်ခွဲဝေသတ်မှတ်ခြင်းနှင့် ကတိသစ္စာခံယူခြင်းတို့ ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm