Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စက်မှုလက်မှုအလုပ်ရုံ(ရန်ကုန်)၌ အခြေခံလျှပ်စစ်သံဂဟေဆက်နည်းပညာသင်တန်းကို အခမဲ့ သင်ကြားပေးလျက်ရှိ


17 Aug,2022

ရန်ကုန်၊ ဩဂုတ် ၁၇

          အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ပြည်သူများအလုပ်အကိုင်အခွင့်အလမ်းများရရှိလာစေရန်၊ မိသားစုဝင်ငွေတိုးပွားလာစေပြီး ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်၊ လူမှုစီးပွားဘဝ မြင့်မားလာစေရန်နှင့် စက်မှုလက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ အခြေခံလျှပ်စစ်သံဂဟေဆက်နည်းပညာသင်တန်း(၁/၂၀၂၂)ကို ရန်ကုန်မြို့ရှိ စက်မှုလက်မှုအလုပ်ရုံ၌ အခမဲ့သင်ကြားပေးလျက်ရှိကြောင်းသိရသည်။    

        သင်တန်းတွင် ဂဟေဆက်ခြင်းဆိုင်ရာအခြေခံများ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ လျှပ်ပန်းဂဟေဆက်နည်းများ၊ လျှပ်ပန်းဂဟေဆက်နည်းအတွက် ဂဟေချောင်းရွေးချယ်နည်းများ၊ ဂဟေဆက်ခြင်းအမျိုးမျိုးနှင့် ဂဟေဆက်ခြင်းဆိုင်ရာအထွေထွေဗဟုသုတများကို သင်ကြားပေးလျက်ရှိသည်။

          အဆိုပါသင်တန်းကို ဩဂုတ်လ ၁၀ ရက်နေ့မှ စက်တင်ဘာလ ၉ ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသား (၁၂)ဦးကို စာတွေ့ လက်တွေ့ သင်ကြားပို့ချပေးလျက်ရှိကြောင်းသိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm